Unicode#
"သား Yibo .......ဒါဦးရဲ့တိုက်ခန်း......အိပ်ခန်းကတော့ နှစ်ခန်းရှိတာမို့ ခွဲအိပ်လည်း ရတယ်.....ဒါက ထမင်းစားခန်း.......ဟိုဘက်က ရေချိုးခန်း........ကိုယ့်အိမ်လို သဘောထားပြီး လွတ်လွတ်လပ်လပ်နေ......ဒီအိမ်မှာ ဦးတစ်ယောက်ပဲနေတာ......အခု Yibo ရောက်လာတော့ နှစ်ယောက်ပေါ့......game စက်လည်းရှိတယ်........"
"ကာတွန်းကားရောဟင်......."
Yibo မခို့တရို့လေးမေးတော့ Xiao Zhan ရယ်မိသည်။
အထက်တန်းကျောင်းသားဖြစ်နေပေမယ့် ကာတွန်းကားတဲ့လား......."ဘာရယ်တာလဲဗျ......."
Yibo စူပုပ်ပုပ်နဲ့မေးလိုက်တော့ Xiao Zhan က
"မဟုတ်ပါဘူး.......ဦးက အံ့သြသွားလို့ပါ......အထက်တန်းတောင် ရောက်နေပြီကို......."
"အာ........ဦး Xiao ကလည်း အထက်တန်းကျောင်းသားမို့ မကြည့်ရဘူးလို့ ဘယ်သူက ပြောလဲ......."
"ဟုတ်ပါပြီ.......ကာတွန်းကားကတော့ မရှိဘူးလေ.....ကျောင်းကအပြန်ကျ ၀ယ်ခဲ့ပေါ့......."
"ဟုတ်....."
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
"ဟဲ့.....Shinee မ.......နင် ကို Yibo ဆီက လက်မှတ် ဘယ်လိုတောင်း......."
"မခက်ပါဘူးဟ......အစ်ကို Yibo က အရမ်းသဘောကောင်းတာ......သူ့ Line acc လည်း ရခဲ့တယ်....."
" I want to say wow wow wow pr"
"အစ်ကို Yibo က ချစ်စရာလေး...တစ်ခါတစ်လေ ခန့်ညားပြီး တစ်ခါတစ်လေ ချစ်ရာကောင်းတယ်.......စာကလည်းတော်......မိဘအသိုင်းအဝိုင်းကလည်း ပြောစရာမလိုဘူး........နောက်ဆုံးတော့ အစ်ကို Yibo နဲ့မှ ချစ်တတ်ပြီပေါ့......."
"ဟဲ့....ဟဲ့....Shinee မ......စိတ်ထိန်းစမ်း.....အစ်ကို Yibo ကို crh ကြတာ နင်တစ်ယောက်တည်း မဟုတ်ဘူးနော်.........မိန်းကလေးတွေရော ယောကျ်ားလေးတွေရော crh ကြတာ......"
"ဒါပေမယ့် အစ်ကို Yibo နားတစ်ယောက်မှ မရှိပါဘူး......"
"Shinee မ နင်အလိုက်တာဟယ်..... အစ်ကို Yibo ကို ပိုးပန်းနေတဲ့ အစ်ကို Si Tu Fan က အစ်ကို Yibo ကို လာကြံသမျှ လူတွေကို ပြသနာရှာလို့ ဘယ်သူမှ မကပ်ရဲတော့တာ........"
"အစ်ကို Si Tu Fan ဆိုတာ....."
"ဒီမြို့ရဲ့ အချမ်းသာဆုံး အဆင့် ၁ သူဌေးကြီးရဲ့တစ်ဦးတည်းသော သား.......ချမ်းသာတော့ ငွေနဲ့ ရှင်းထုတ်ထားတာ......"
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...