Special Episode 2

2.6K 195 9
                                    

Unicode#

"ကလေးရေ.... ဒီနေ့က ဘာနေ့လဲ သိလား...."

"ဘာနေ့လဲ ကိုကိုရ...."

"ဟာကွာ.... မမှတ်မိဘူးလား...."

Xiao Zhan စိတ်ကောက်သလိုလုပ်ပြီး ထသွားမယ်လုပ်မှ Yibo နောက်ကနေ ခါးကို ဖက်လိုက်ရင်း

"ကျွန်တော် သိပါတယ်ဗျ.... ဒီနေ့က ကျွန်တော်တို့ရဲ့ မင်္ဂလာသက်တမ်း ၁၀ နှစ်ပြည့်တဲ့နေ့ မဟုတ်လား...."

ထိုအခါမှ Xiao Zhan တစ်ယောက် Yibo ကို မျက်နှာချင်းဆိုင်လို့ ရင်ခွင်ထဲ ထွေးပွေ့ရင်း....

"ကိုကို့ကို စိတ်ဆိုးအောင် လုပ်နေတာလား... ဒါနဲ့ ကိုတို့ ဒီနေ့ ပေကျင်းတစ်ပတ်လျှောက်လည်ကြမယ်လေ...."

"သားသားကို‌ရော ဘယ်လို လုပ်လဲ...."

"ယောက္ခမကြီးတို့ဆီ ပို့ထားလိုက်မှာပေါ့...."

နှစ်ဦးသားတို့၏ ရီသံက အခန်းထဲဝယ် လွင့်ပျံလျှက်....

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

"တီး.... တောင်....."

အိမ်ရှေ့မှ ဘဲလ်တီးသံကြောင့် Shin Yi ထွက်ကြည့်တော့ Xiao Zhan တို့ မိသားစု

"ဟဲ့... ဘာကိစ္စရှိလို့လဲ...."

"မေမေ.... ဒီနေ့တစ်ရက်လောက် မေမေ့ဆီကို Xiao Wang လေးကို အပ်ထားချင်လို့...."

သားလုပ်သူ ကိုယ်တိုင်က ပြောတာမို့ Shin Yi မငြင်းနိုင်.....

"အေးပါ.... နင်တို့တွေ ကြည်နူးဖို့ ငါ ဒုက္ခခံရမာပေါ့...."

Shin Yi က ပြောတော့ Xiao Zhan က တစ်ချက်ရယ်လိုက်ရင်း

"‌ယောက္ခမကြီးက သဘောကောင်းလိုက်တာ...." ဟူ၍

''မေမေ သားအတွက် ချော့ကလက်ဘူးအကြီးကြီး ဝယ်ခဲ့ပေးနော်... ပြီးတော့ couple အင်္ကျီကောပဲ...."

Xiao Wang လေးစကားကြောင့် Yibo ‌ရော Shin Yi ပါ မျက်လုံးအပြူးသား....

Xiao Zhan ကတော့ သိပြီးသားမို့....

"ဟုတ်ပြီသား... ဖေဖေကိုယ်တိုင် အကောင်းစားချောကလက်နဲ့ အကောင်းစား couple အကျီ ဝယ်ခဲ့မယ်... သားသာ ဘွားဘွားဆီ သေသေချာချာ နေခဲ့နော်...."

"ဟုတ် ဖေဖေ...."

သားအဖနှစ်ယောက် အတိုင်အဖောက် ညီစွာပြောနေတာကို ကျန်နှစ်ယောက် နားမလည်တော့ 

YOU ARE MY SKY(completed)Where stories live. Discover now