Unicode#
Xiao Zhan တစ်ယောက် မနက်နိုးလာချိန် ခေါင်းတစ်ခုလုံး ကိုက်ခဲလျှက်.....
ဘေးကို လှည့်ကြည့်မိတော့ တစ်ဖက်သို့ စောင်းအိပ်နေသည့် လန်မိဖုရား
Xiao Zhan လည်း ကိုယ့်ဘာသာကို ပြန်ကြည့်မိတော့ ၀တ်ရုံတို့က ရှိမနေ.....
ညက ဘာဖြစ်ခဲ့သည် ဆိုတာပင် စဥ်းစားလို့မရ.....
Xiao Zhan တစ်ယောက် စိတ်ရှုပ်နေစဥ်မှာပင် လန်မိဖုရားနိုးလာပြီး.....
"အရှင်......ဘာများဖြစ်လို့လဲ....."
"ရတယ်....ငါ ဘာမှ မဖြစ်ဘူး......ညက ဘာတွေဖြစ်သွားတာလဲ......."
လန်မိဖုရားလည်း အပြုံးလေးဖြင့်
"သြော်.......အရှင်ရယ်......အရှင်က မေ့တတ်လိုက်တာ.....ညက ကျွန်တော်မျိုးမနဲ့ အတူ ......အို.....ရှက်စရာကောင်းလိုက်တာ......"
"ဘာ.....ငါက မင်းနဲ့ ဟုတ်လား....."
"ဟုတ်တယ်လေ.....အရှင်က တစ်ကယ့်ကို အားကောင်းတာပဲ......သက်လုံရော...."
"တော်စမ်း....."
Xiao Zhan တစ်ယောက် ဒေါသနှင့် အော်လိုက်တာကြောင့် လန်မိုဖရားတစ်ယောက် စကားဆက်မဆိုရဲ......
"သေချာတာက ညက ငါ့ရဲ့ ဆန္ဒမပါပဲ တစ်ခုခုကြောင့် ဆိုတာကို ငါသေချာသိတယ်.....ဒါ့ကြောင့် အဲ့ဒီအဖြစ်အပျက်က ငါနဲ့ မသက်ဆိုင်ဘူး.....ပြီးရင် ငါ့ခံစားချက်မဟုတ်ဘူး....မင်းထင်နေတာက ငါနဲ့အတူ မင်းကနေရရုံနဲ့ ငါ့ကို ရနေပြီလို့ မင်းထင်နေတာလား......""
"ဒီမယ် အရှင်.....ကျွန်တော်မျိုးမက နိုင်ငံရဲ့ အလှပဆုံး မင်းသမီးပါ....ခန္ဓာကိုယ်အချိုးအစားရော မင်းသမီးတစ်ပါးရဲ့အရည်အချင်းရော အားလုံးပြည့်စုံနေတာတောင် ဘာလို့ အရှင်က မမြတ်နိုးရတာလဲ...."
"မင်းက ငါချစ်တဲ့သူ မဟုတ်လို့ပဲ......ဘယ်လောက်ချောနေပါစေ ငါမချစ်တဲ့အတွက် ငါမင်းကို မမြတ်နိုးနိုင်ဘူး...."
"ဒါဆို အရှင် ချစ်မြတ်နိုးတဲ့သူက Wan ကိုယ်လုပ်တော်မလား......"
"ဟုတ်တယ်လေ.....သိရဲ့သားနဲ့......"
"အရှင်က ဘာလို့ ယောကျ်ားပျိုတစ်ယောက်ကိုမှ ချစ်မြတ်နိုးရတာလဲ..... အရှင်မရှက်ဘူးလား......ဒါက မိုးနတ်မင်းမကြိုက်တဲ့အရာလေ.....အရှင့်ကို ပြည်သူတွေက ပြောကြမှာကိုလေ......"
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...