Unicode#
နံနက် အိပ်ရာနိူးတော့ Wan Yibo တစ်ယောက် သူ့ဘေးနားမှာ Xiao Zhan မရှိတာကိုသိလိုက်ရသည်။
နေကအတော်မြင့်နေတာမို့ ညီလာခံသွားခြင်းဖြစ်ကြောင်းကိုပါတစ်ခါ တည်း သိလိုက်သည်။
***အရှင်ကလည်း ငါ့ကို နှိုးတောင်မသွားဘူး......သူလည်း အရေးကြီးလို့နေမှာပါလေ....."
Wan Yiboလည်း အိပ်ယာမှ ထကာ မျက်နှာသစ် ကိုယ်လက်သန့်စင်ကာ အပြာနုရောင် ဝတ်ရုံကိုသာ ဝတ်ထားလိုက်သည်။
ပြီးတော့ ဆံပင်လေးကို စုစည်းလိုက်ရင်း နဖူးစည်းကြိုးကိုပါ ဆင်မြန်းလိုက်တော့ အတော်ပင် ကြည့်ကောင်းသွားသည်။
Yibo ဆိုတာ မပြင်ဘဲနေရင်တောင် အလိုလိုလှနေတာမျိုး အသားကဖွေးဖွေး တင့်သင့်သည့် ခန္ဓာကိုယ်အချိုးအစား အရပ်အမြင့် ရှိသည်။
ခန့်ချောချောတာမျိုးမဟုတ်ပဲ မိန်းမချောချောတာမျိုးYibo တစ်ယောက် ဘယ်လောက်ပင် ဘ၀င်ခိုက်နေမိသည်မသိ။
အတော်ကြာမှ သတိရသည်။
***အယ်.....ငါ အရှင့်အတွက် နေ့လည်စာပြင်ရဦးမှာပဲ....ငါ့နှယ်ရော မေ့တတ်လိုက်တာ.......***
Wan Yibo လည်း အရှင့်ရဲ့ နန်းဆောင်ထဲက ထွက်ကာ စားဖိုဆောင်ဆီ သွားရင်း.... လမ်းမှာ ဘုရင့်ဆီလာတဲ့ လန်မိဖုရားနှင့် တည့်တည့်တိုးမိတော့သည်။
Yibo တော်သေးသည်။မျက်နှာမှာ ပဝါအဖြူ အုပ်လာတာမို့ လန်မိဖုရားက မှတ်မိပုံမရ။
"မင်းက ဘယ်သူမို့လို့ အရှင့်ရဲ့ နန်းဆောင်ထဲက ထွက်လာရတာလဲ......."
"ကျွန်တော်မျိုးက အရှင့်ရဲ့ အခန်းကို သန့်ရှင်းရေးလုပ်ဖို့ တာ၀န်ချထားခံရတဲ့သူပါ...."
"ဒါဆို ဘာလို့ မင်းမျက်နှာက ပိတ်စအဖြူအုပ်ထားရတာလဲ....အခုချွတ်စမ်း"
"မလုပ်ပါနဲ့ မယ်မယ်.....ကျွန်တော်မျိုးရဲ့ မျက်နှာမှာ အမာရွတ်ရှိနေတာကြောင့် မယ်မယ့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေမိမှာ စိုးရွံ့မိပါတယ်....."
"ဟုတ်ပြီလေ.....အဲ့ဒါဆိုလည်း ကိုယ့်အလုပ်ကို သွားလုပ်ချေ...."
YOU ARE READING
YOU ARE MY SKY(completed)
Storie d'amoreဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...