👬Ep 26 👬

3.6K 247 13
                                    

Unicode#

**ဘာလိုလိုနဲ့ ဒီနေ့ဆို Yibo သူ့အိမ်သူ ပြန်သွားတာ တစ်ပတ်တောင်ရှိပြီပဲ...**

Xiao Zhan ဒီနေ့ ရုံးပိတ်ရက်မို့ အိမ်မှာနေရင်း တစ်ခုခုလိုအပ်နေသလို ခံစားမိလို့ ဆန်းစစ်ကြည့်တော့ Yibo မရှိတာကို သိလိုက်ရတာ

အရင်ကဆို မနက်အိပ်ယာက ထလာရင် သူအမြဲ မြင်နေကျ ဆူပုတ်ပုတ်မျက်နှာလေးရယ်
ချိုင်းပြတ်အင်္ကျီ ဘောင်းဘီအတိုနဲ့ ချစ်စရာကောင်းနေတဲ့ ကောင်လေးတစ်ယောက်ရယ်
မရှိတော့ ဘ၀ကြီးက မပြည့်စုံသလို

***အင်း.....သွားလည်ဦးမှ.....***

စိတ်ထဲက ကြံရွယ်ရင်း သွားဖို့ ပြင်ဆင်မာ်အလုပ် အိမ်ရှေ့က ကားဟွန်းတီးသံကြောင့် သွားဖွင့်ကြည့်တော့ သူမြင်ချင်နေသည့် မျက်နှာလေး

"ဟာ.....ငါအခုတောင် မင်းတို့ဆီလာမလို့ Lang Phong Yi ရ.....၀င်ကြ ၀င်ကြ...."

ဧည့်ခန်းထဲ ရောက်ကြတော့.......

"ပြောကြပါဦး......လာရင်းကိစ္စ....."

Lang Shin Yi က စကားစကာ....

"ဒီလိုဟ.......အခု သားလေးက ကျောင်းက တစ်လပိတ်လိုက်တယ်လေ.....အဲ့ဒါ ငါတို့ ခရီးတွေ ပတ်ထွက်ကြမလားလို့.....အစ်ကိုကလည်း ဆေးရုံက ခွင့်ပေးထားတော့ အဆင်ပြေနေလို့ အဲဒါ တစ်ကိုယ်တည်း လူပျိုကြီး ကိုယ့်သူငယ်ချင်း တစ်ယောက်တည်း ဖြစ်နေတော့ အဲ့ဒါ လိုက်မလားလို့......."

"လိုက်ဖို့ခေါ်တာလဲ ရိုးရိုးခေါ်ပါဟာ.....ငါ့ကိုဖဲ့ဖဲ့နေကြတာ.......လိုက်မယ်လေ.....နေဦး ဟိုကောင် Kan ပါ လိုက်ချင်လိုက်လိမ့်မယ်.....ငါခေါ်လိုက်မယ်......"

"ကောင်းတာပေါ့ဟယ်........"

"Ok လေ အဲ့ဒါဆို ငါအလုပ်လေးတွေ လက်စသတ်ခဲ့လိုက်မယ်.......ငါ့ရုံး၀န်ထမ်းတွေလည်း လစာကြိုထုတ်ပေးပြီး နားပေးလိုက်မယ်......."

"ဟုတ်ပြီ....ဟုတ်ပြီ......."

Yibo ကတော့ သူတို့ပြောသမျှ ခေါင်းငြိမ့်နေရင်း......

🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹

"သခင်လေး.....အခု သခင်လေးကြိုက်နေတဲ့ Yibo ဆိုတဲ့ သခင်လေးက ကောင်မလေးတစ်ယောက်နဲ့ ကြိုက်နေကြပါတယ်......."

YOU ARE MY SKY(completed)Where stories live. Discover now