Unicode#
At Wedding dress shop........
"ကလေး...... ဘာအရောင်ကြိုက်လဲ....."
Xiao Zhan ကမေးလိုက်တော့ Yibo ၀တ်စုံတစ်ခုကို ရွေးလိုက်ရင်း
"ဒါလေးဆိုရင်ကော.... ကိုကိုက ဘာအရောင်၀တ်၀တ်လိုက်နေတာပဲကို......"
၀န်ထမ်းကောင်မလေးက ရုတ်တရက်အံ့သြသွားကာ
"ဒီက အစ်ကိုတို့က......."
"ကျွန်တော်တို့က ချစ်သူတွေပါ....."
Xiao Zhan က Yibo လက်ကလေးကို ဆွဲကိုင်လို့ ပြောလိုက်တော့ Yibo ကျေနပ်စွာပြုံးမိသည်။
*ဒီလူကြီး တော်တော်သတ္တိတွေရှိ........*
ဝန်ထမ်းကောင်မလေးကတော့ သဘောကျစွာ.......
"အစ်ကိုတို့ နှစ်ယောက်က အရမ်းလိုက်ဖက်တာပဲ..... ထင်တော့ထင်သား ၀င်လာကတည်းက မိန်းကလေးမပါဘူးဆိုတော့ အစ်ကိုတို့က ချစ်သူတွေဖြစ်မယ်လို့......"
Yibo ကတော့ Xiao Zhan အနားကပ်ကာ
"ကျေးဇူးပါဗျ.....သြော် ဒါနဲ့ ၀တ်စုံကို သန်ဘက်ခါ လောက်ရမလားဗျ........"
"ဟုတ် ရပါတယ်ရှင့်.... ၀တ်ကြည့်ဦးမလား......."
"ဟုတ်......"
အ၀တ်လဲခန်းထဲကို တန်း၀င်သွားတဲ့ ချစ်ရသူ Yibo နောက်ကို Xiao Zhan လည်း အင်္ကျီတစ်ထည်ကိုဆွဲလို့ အပြေးလေးလိုက်ကာ အ၀တ်လဲခန်းထဲ ၀င်လိုက်တော့ အပေါ်ပိုင်းဗလာကျင်းနေတဲ့ Yibo
Xiao Zhan ကို မြင်တော့ ရုတ်တရက်မို့ လန့်သွားကာ အ၀တ်နဲ့ကာလိုက်တော့
Xiao Zhan က"ကလေးတစ်ကိုယ်လုံး ကိုမြင်ဖူးနေတာပဲဟာ......."
Yibo လည်း Xiao Zhan ကို အင်္ကျီနဲ့ ပစ်ပေါက်ကာ
"ရုတ်တရက်ဆိုတော့ ကျွန်တော်က တစ်ခြားသူထင်သွားတာကိုး......."
နှစ်ဦးသား စကားဆက်မပြောဖြစ်ကြတော့
ဝတ်စုံရွေးပြီးတော့ နှစ်ဦးသား လက်ထပ်ပွဲလုပ်မယ့် ခန်းမဆီကို ၀င်ကြည့်လိုက်တော့ Yibo အတော်လေးသဘောကျသွားသည်။
မိမိကြိုက်သော အပြင်အဆင် အရောင်တွဲစပ်မှုတို့က ဆီလျော်စွာ"ဘယ်လိုလဲ သဘောကျကြရဲ့လား....."
အသံလာရာ လှည့်ကြည့်လိုက်တော့ ကျင်ကျင်ပင်.....
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...