Unicode#
ရိပေါ် အိပ်ယာက နိုးနိုးချင်းပဲ အရှင့်အတွက် မျက်နှာသစ်ဖို့ ပြင်ဆင်ပေးထားလိုက်သည်။
ဒီနေ့ အရှင်က ဘုရားကျောင်းဆီ ခေါ်သွားဉီးမည်တဲ့။
ဘာများပါလိမ့်.......Yibo လည်း အရှင့်ကို နှိုးလိုက်တော့ အင်း.....အဲ ဟူ၍ အိပ်ယာထဲ လူးလွန့်နေသော ချစ်ရသည့် အရှင်.....
"အရှင်.....ဒီနေ့ ဘုရားကျောင်းသွားမှာဆို....နောက်ကျနေမယ်လေ......"
လို့ပြောတော့မှ အိပ်ယာထဲကနေ အတင်းထလာတဲ့ အရှင်......
ပြီးတော့ အလောကြီးစွာဖြင့်....
"၀မ်လေး အခု ဘယ်အချိန်ရှိပြီးလဲဟင်......."
"အခုမှ နံနက်ခင်း အချိန်ပဲ ရှိပါသေးတယ် အရှင်........"
အဲ့ဒါဆို ကိုတို့ ဘုရားကျောင်းသွားဖို့ လှူဖွယ်ဝတ္ထုတွေပြင်ဆင်ရအောင်လေ......"
Xiao Zhan က အိပ်ယာပေါ်က ဆင်းကာ မျက်နှာသစ်လို့ ဘုရားကျောင်းမှာ လှူဖို့အတွက် ပစ္စည်းတွေကို စီစဉ်ပြီးလို့ Yibo ကို ကြည့်လိုက်တော့ အ၀တ်အစားမလဲရသေးတာမို့
"၀မ်လေး အ၀တ်အစားလဲတော့လေ......နောက်ကျနေမယ်.....နံနက်စာကို ဘုန်းဘုန်းက ကျွေးမာတဲ့...သြော်......ကိုမေ့နေတာ ဒီမှာ ၀မ်လေးဝတ်ဖို့ အတွက်"
ဆိုပြီး အနီရောင်ဝတ်စုံကို လှမ်းပေးလိုက်တော့ Yibo အံ့အားသင့်စွာ...
"အရှင်.......ဒါက မင်္ဂလာဝတ်စုံလေ အရှင်....ကျွန်တော်က ဘာဖြစ်လို့...."
Xiao Zhan လည်း Yibo ရဲ့ စကားများလှတဲ့ ပါးစပ်လေးကို နှုတ်ခမ်းချင်းထိကပ်ကာ ပိတ်လိုက်သည်။
ပြီးမှ
"၀မ်လေး.....ကိုက မင်းကို အထိန်းတော်ရာထူးအဆင့်ချီးမြှင့်ရုံပဲ ရှိသေးတာ ကို့ရဲ့ မိဖုရားအဖြစ် မတင်မြှောက်ရသေးဘူးလေ.....ပြီးတော့ ကိုယ့်ကို ခွင့်လွှတ်ပေးပါ.....ကိုက မင်းကို ဒီလိုနေရာလေးမှာပဲ မိဖုရားမြှောက်နိုင်ခဲ့လို့......."
"မဟုတ်တာ အရှင်ရယ်......ချစ်တယ်ဆိုတာ ကျွန်တော်တို့ နှစ်ယောက် သိနေရင် ရပြီလေ......အချစ်ဆိုတာခမ်းနားဖို့ မလိုပါဘူး အရှင်ရယ်........သစ္စာရှိဖို့ပဲ လိုတာပါ.......ကျွန်တော်မျိုးကို ကတိပေးပါ.....ကျွန်တော့်အပေါ်မှာ သစ္စာရှိပေးပါ့မယ်လို့......"
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...