Unicode#
Xiao Zhan တစ်ယောက် မနက် အိပ်ယာမှ နိုးလာချိန်၀ယ် လူတစ်ကိုယ်လုံး ပင်ပန်းနေတာကြောင့် ခဏ ပြန်မှေးနေလိုက်သည်။
ဘေးမှာကတော့ အိပ်မောကျနေဆဲ Yibo
Xiao Zhan စောင်ကို မကြည့်လိုက်တော့ နှစ်ယောက်လုံး ဘာအ၀တ်အစားမှ ရှိမနေ
စောင်ကနေ ထွက်လိုက်ကာ Xiao Zhan ဘောင်းဘီပြန်၀တ်ထားလိုက်သည်။
ပြီးမှ Yibo ကို ဘောင်းဘီတစ်ထည် ၀တ်ပေးကာ မိမိကတော့ ရေချိုးဖို့ ပြင်လိုက်သည်။
Yibo တစ်ကိုယ်လုံး နုံးချည့်စွာ အိပ်ယာမှ နိုးလာချိန် ဘေးမှာ Xiao Zhan ရှိမနေ။
ရေချိုးခန်းထဲက ရေသံကြားတာကြောင့် Xiao Zhan ရေချိုးနေကြောင်းကိုပါ သိလိုက်သည်။
စစောင်လေးမကြည့်လိုက်တော့ ဘောင်းဘီတစ်ထည်၀တ်ထားတာမို့ စိတ်အေးရသည်။
သို့သော် အိပ်ယာမှ ထမည်မလုပ် အောက်ပိုင်းမှ တဆစ်ဆစ် နာလာတာကြောင့် Yibo ငြိမ်နေလိုက်သည်။
ခဏနေတော့ Xiao Zhan ရေချိုးခန်းထဲက ထွက်လာသည်။
"ကလေး ရေမချိုးသေးဘူးလား......"
Yibo မျက်နှာလေး ရှုံ့မဲ့ရင်း
"အိပ်ယာက ထမရဘူး အရမ်းနာနေတာ.... ကိုကို"
Xiao Zhan ပျာပျာသလဲဖြင့်
"ကလေး အတော်နာနေတာလားဟင်.... ကိုတောင်းပန်ပါတယ်နော်.... လာ ဆေးခန်းသွားရအောင်......."
Xiao Zhan က Yibo ကို ဖြေးဖြေးချင်းပွေ့ချီလိုက်ကာ ရေချိုးခန်းထဲ မျက်နှာသစ်ဖို့ ခေါ်သွားကာ သေချာ မျက်နှာသစ်ပေးလိုက်သည်။
မျက်နှာသုတ်ပဝါနဲ့ Yibo ရဲ့ မျက်နှာလေးကို သုတ်ပေးလိုက်တော့ Yibo ရဲ့ ချောမွေ့တဲ့ မျက်နှာလေးက ၀င်းပစွာ ပေါ်ထွက်လာသည်။
ပြီးမှ Yibo ကို အသာအယာ ပွေ့ချီကာ အိပ်ယာပေါ်တင်ပေးရင်း ၀တ်စုံတစ်ထည်ထုတ်ပေးကာ မိမိကိုယ်တိုင် ၀တ်ပေးလိုက်သည်။
ပြီးတာနဲ့ Yibo ရဲ့ ဖခင်ဖြစ်သူ Lang Phong Yi ရဲ့ ဆေးခန်းဆီကို နှစ်ဦးသား ထွက်လာခဲ့ကြသည်။
🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹🔹
"နင် ငါ့သားကို ဘာတွေ လုပ်လိုက်တာတုန်း...... မနေ့ကမှ မင်္ဂလာဆောင်တာလေ......."
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...