Unicode#
Xiao မယ်မယ်ဘုရားလည်း ဖမ်းဆီးထားသော စားဖိုမှူးများကို စစ်ဆေး မေးမြန်းတော့သည်။
"ငါ့ရဲ့သားတော်ကိုဘယ်သူလုပ်ကြံတာလဲ မှန်မှန်ဖြေကြစမ်း ....."
ထိုအခါ စားဖိုမှူးတယောက်က
"ကျွန်တော်မျိုး အသက်ပင်သေပါစေ ထုတ်ဖော်မပြောကြားနိုင်ပါ.....မယ်မယ်"
မယ်မယ်ဘုရားက
"အဲ့စားဖိုမှူးကို သတ်ပစ်လိုက်စမ်း....."
နန်းတွင်း အမှုစစ်အရာရှိလည်း ထိုစားဖိုမှူးအား သတ်လိုက်တော့သည်။
နောက်တစ်ယောက်ကို စစ်မေးသောအခါ ထို့စားဖိုမှူးမှာ သေရမှာကြောက်သဖြင့်..
"အရှင်အား အဆိပ်ခတ်လုပ်ကြံစေသူမှာ ဝမ်ကိုယ်လုပ်တော် ဖြစ်ပါတယ် မယ်မယ်ဘုရား........"
နန်းတွင်းမှူးမတ်များအားလုံးနှင့် မယ်မယ်ဘုရားအပါအဝင် Xiao Zhan ပါ အံ့သြသွားရသည်။
"ဘာကွ.....ငါကတော့ ဝမ်ဘုရင်ကို ညှာတာထောက်ထားသောအားဖြင့် သူ့ကို ကိုယ်လုပ်တော်ရာထူးပေးအပ်ခဲ့တာတောင် ဒင်းကငါ့ကို သတ်ဖို့ကြံရွယ်တယ်တဲ့လား......တောက်.....သူ့ကိုအခုချက်ချင်းဖမ်းခဲ့စမ်း....."
Yibo ကို ရဲမက်တွေဖမ်းလာကျတော့ မယ်မယ်ဘုရားနှင့် တိုင်ပင်ထားသကဲ့သို့ ဝမ်ကိုယ်လုပ်တော်အား အပြစ်ပေးရန် အမိန့်ချမှတ်ရတော့သည်။
"ဝမ်ကိုယ်လုပ်တော်.....ငါ့ကိုလုပ်ကြံတယ်ဆိုတာ သင်ဝန်ခံပါသလား...."
Yibo လည်း
"ဟုတ်ပါတယ်အရှင်....ကျွန်တော်မျိုး ကြံစည်မိပါတယ် အရှင်......အဲဒီ့အတွက် ကျနော်မျိုး သေဒဏ်ကျခံရလည်း မကြောက်ရွံ့ပါအရှင်...."
Xiao Zhan လည်း
"ကောင်းပြီ....ဝန်ခံတယ်ဆိုမှတော့ ငါရှင်ဘုရင်မင်းမြတ်အား လုပ်ကြံသည့်အတွက် ညလူတိတ်ချိန်တွင် နန်းတော်အပြင်ဘက်သို့ထုတ်၍ ခေါင်းဖြတ်သတ်စေ...ယခုတွင်မူ အချုပ်ခန်းထဲ၌ အကျဥ်းချထားစေ..."
Yibo ထွက်သွားတော့မှ မယ်မယ်ဘုရားနှင့် Xiao Zhan လည်း သက်ပြင်းချနိုင်တော့သည်။
တိုင်ပင်ထားသည့်အတိုင်း လုပ်ဆောင်နိုင်ခဲ့သည်မဟုတ်ပါလား။
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...