Unicode#
ညနေ ပင်လယ်ထဲ ဆင်းကြတော့ ဘောကွင်းအကြီးတစ်ခုထဲကိုပဲ ငှားပြီး လှိုင်းစီးဖို့ စီစဥ်လိုက်သည်။
Shanghai ကမ်းခြေရဲ့ ညနေဆည်းဆာက အရမ်းကို လှပနေသလို ပင်လယ်လေတဖြူးဖြူးနဲ့မို့ သဘာ၀ လောကကြီးရဲ့အရသာကို ခြောက်ယောက်လုံး အပြည့်အ၀ ခံစားလိုက်ကြရသည်။
အဲ့နောက် ဘောကွင်းကို ယူကာ ပင်လယ်ဘက်ထွက်ကြတော့ Yibo က အပေါ်ပိုင်း ဗလာနဲ့ ရေကူးဘောင်းဘီနဲ့မို့ ဖြူ၀င်းတဲ့အသားအရေနဲ့အတူ ချောမောနေမှုကြောင့် လမ်းလျှောက်ထွက်လာကြတဲ့ ကောင်မလေးတွေကလည်း ငေးကြည့်လို့
Xiao Zhan ရော Si Tu Fan ရော Kan ရောပါ အပေါ်အင်္ကျီတွေ ချွတ်လိုက်ကြတော့ ကမ်းခြေက ကောင်မလေးတွေ အားလုံးရဲ့ အကြည့်က သူတို့ လေးယောက်စလုံးပေါ်မှာ
Xiao Zhan လည်း ရေဘူးကို မော့သောက်ရင်း ရင်ဘတ်ပေါ်ပါ ရေတွေ စိုကုန်စေလိုက်တော့ ကောင်မလေးတွေရဲ့ အော်သံက ထွက်ပေါ်လာကြသည်။
Xiao Zhan လည်း မိန်းမပျိုလေးတွေကို မျက်စိတစ်ဖက် မှိတ်ပြလိုက်တော့ အသံတို့က ပို၍ ဆူလာကြတော့တာမို့ Lang Phong Yi ကပဲ တားလိုက်ရတော့သည်။
"ဟျောင့် Xiao Zhan......မင်းရဲ့ ကာယဗလ နောက်မှ ပြနေ......ရေကူးရအောင်ဆိုနေ.......မင်းလုပ်တာနဲ့ ကမ်းခြေမှာ ဆူညံမှုတွေဖြစ်ပြီး ဆူပူစေမှုနဲ့ ထောင်ထဲရောက်သွားလိမ့်မယ်......"
"ငါ့ရဲ့ ဥထားတဲ့ ဗလတွေကို ဒုတိယအကြိမ် လှစ်ဟာပြရုံပါပဲ......ဒါမှ ကောင်မလေးတွေ ငါ့နားဝိုင်းနေမာပေါ့......"
Xiao Zhan က ပြန်ချေပလိုက်တော့ အားလုံးရယ်ကြပေမယ့် ဆူပုတ်နေသူက Yibo
စိတ်ထဲတွင်လည်း
***နေပါဦး ငါက သူနဲ့ ဘာမှ မဆိုင်ပဲ ဘာလို့ သ၀န်တိုသလိုဖြစ်နေရတာလဲ.....ပြီးတော့ ငါ့မှာ ကောင်မလေးလည်းရှိတယ်လေ.....သူ့ဘာသာ ပြပြ မပြပြ ငါ့အမှုပါတာမှ မဟုတ်တာ......***
ဟူ၍( jelly အတောင့်လိုက် နင်နေသော Yibo လေး😁)
အစက အားလုံးရေကူးဖို့ ဆုံးဖြတ်ထားကြပေမယ့် Yibo က မကူးချင်တော့တာကြောင့် Kan ရယ် Si Tu Fan ရယ် Lang စုံတွဲရယ်သာ ရေထဲ ဆင်းလိုက်ကြသည်။Xiao Zhan ကတော့ ထုံးစံအတိုင်း Yibo ဘေးနား နေရင်း
YOU ARE READING
YOU ARE MY SKY(completed)
Romanceဒါက ကျွန်တော့်ရဲ့ ပထမဆုံး Zhanyi fic ပါ Male author မို့ စာအရေးအသားညံ့ခဲ့သည်ရှိသော် ခွင့်လွှတ်ပေးကြပါရန် ကြိုပြီး တောင်းပန်ပါတယ်။ ဤဇာတ်လမ်း ဇာတ်ကွက်နှင့် အဖြစ်အပျက်များသည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်စေလိုခြင်းမရှိပါကြောင်း တင်ပြအပ်ပါသည်။ ဒါက...