ချစ်ခြင်းဖြင့် လွှမ်းခြုံအပ်သော …
အခန်း(၁)
[၁]
" အခြေနေတွေဟာ အမြဲတမ်း ပြောင်းလဲနေတယ်အချစ်ရယ် … ဒီကမ္ဘာပေါ်မှာချစ်တိုင်းလည်း မညားကြတဲ့သူတွေအများကြီးပဲ … အိုး ရက်စက်မှာလားကွယ် "
ယွန်း တီဗီတွင် ကာရာအိုကေစက်တပ်ကာ သီချင်းတစ်ပုဒ်ကို အားရပါးရဆိုနေသော အစ်မဖြစ်သူ လွန်းကိုကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါလိုက်ပြီး ဆိုဖာပေါ်တွင် ထိုင်ချလိုက်သည် … ။ လွန်းက သီချင်းဆုံးသွားသောအခါမှ ဘေးတွင်ဝင်ထိုင်ကာ
" ဆို … ဘာဖြစ်လာလဲ "
ဟု မေးသည် … ။ ထို့ကြောင့် သက်ပြင်းချလိုက်ပြီး
" လွန်း … နင့်ကို ဒယ်ဒီကအိမ်ထောင်ချပေးတော့မယ်တဲ့ "
ဟု ပြောလိုက်သည် … ။ ဤစကားကြောင့် လွန်း ကမျက်လုံးပြူးသွားကာ
" နင်ဘယ်လိုလုပ်သိလဲ "
ဟု မေးသည် ။ လွန်း၏မေးခွန်းကို
" ငါစောစောကတင်ခိုးနားထောင်လာတာ … ဟိုမှာ ဒယ်ဒီလာပြီ … ငါသွားတော့မယ် "
ဟု ပြန်ဖြေရင်း အပေါ်ထပ်မှဆင်းလာသော ဖခင်ဖြစ်သူကို မေးငေါ့ပြကာ အပြင်သို့ လှစ်ကနဲ ပြေးထွက်လာခဲ့လိုက်သည် ။
[၂]
ယွန်း ထွက်သွားသောအခါ လွန်း သက်ပြင်းချလိုက်ပြီး အပေါ်ထပ်မှဆင်းလာသော ဖခင်ဖြစ်သူ ကို လှမ်းပြုံးပြလိုက်သည် … ။
" သမီး … လွန်း "
ဖခင်ဖြစ်သူက ဘေးတွင်ဝင်ထိုင်ရင်း ထိုသို့ခေါ်လာသဖြင့်
" ရှင် … ဒယ်ဒီ "
ဟု ထူးလိုက်သည် ။ ဖခင်ဖြစ်သူက
" ဒယ်ဒီတို့လဲအသက်ကြီးပြီကွယ် … ယွန်းကို စိတ်မပူပေမဲ့ သမီးအတွက်တော့ စိတ်ပူတယ် လွန်း … အဲ့ဒီတော့ "
ဟု စကားစသဖြင့်
" လွန်းကို ယောက်ျားပေးစားမယ်ပေါ့ "
ဟူ၍ ဖခင်ဖြစ်သူ စကားမဆုံးခင်မှာပင် ဖြတ်ပြောလိုက်သည် … ။ ဖခင်ဖြစ်သူက
YOU ARE READING