မာန်တစ်ယောက်ဘာတွေဖြစ်ပြန်ပြီလဲ နီသွေးစိတ်ပူရပါသည်..ကျွန်တော်တိုဟာအချစ်ရဆုံးသူငယ်ချင်းတွေမဟုတ်ပါလား.....
ဆေးရုံသိုရောက်သော် ...ညာခြေကျင်းဝတ်မှာပတ်တီးအဖွေးသားနှင့်
မာန့်ကိုတွေ့ရပါသည်။မျက်နှာမှာလည်း
ညိုမည်းရာတွေနှင့်။ သိလိုက်ပါပြီ မာန်ရန်ဖြစ်ခဲ့ပြန်ပြီပေါ့...ရုပ်ကလည်းတည်တင်းလွန်းနေသည်...ကျွန်တော်မာန့်ကုတင်ဘေးရှိခုံတွင်ထိုင်ကာ သက်ပျင်းချလိုက်ပါသည်။ဆရာမကတော့"သား မာန် ဘယ်လိုဖြစ်တာလဲကွယ် ဆေးရုံထိတောင်ရောက်တယ်"
မာန်ကတော့မျက်နှာတစ်ချက်မပျက်..
"သားစတာမဟုတ်ဘူးမေမေ "
"ဘယ်လိုဖြစ်တာလဲပြောပြလေကွာ
မင်းပြောမှပြဿနာကဖြေရှင်းလို့ရမှာပေါ့"
ကျွန်တော် လေအေးလေးနင့်မေးတော့ မာန့်မျက်ခုံးတွေတွန့်ချိုးလျှက်
"မင်းကလည်းလျှာရှည်တာ ..ငါ့ပြဿနာ ငါရှင်းနိုင်တယ်""ငါကစိတ်ပူလို့လေ"
"ဟုတ်သားပဲသားရယ် နီသွေးက ဆေးရုံ ကဖုန်းဆက်တည်းကသားကိုစိတ်ပူနေတာ"
"ရတယ် စာမေးပွဲနီးပြီ မင်းစာသွားကျက်တော့ ငါ့အတွက်ကမေမေရှိတယ် "
မာန် စကားလမ်းကြောင်းလွှဲလိုက်တာသိပေမယ့်နီသွေးမပြောတော့ပါ.။သူ့ပြဿနာ ကိုမသိစေချင်၍ဖြစ်ပေလိမ့်မည်။နီသွေး
လည်းဘာမှမပြောဘဲမာန်နဲ့ဆရာမကိုနှုတ်ဆက်ခါသာပြန်လာခဲ့လိုက်တော့သည်။အိမ်အပြန်လမ်းတွင်နီသွေးတွေးမိသည်ကတစ်ခုတည်း ;ဘာကြောင့်လဲမာန် ငါ့ကိုသူငယ်ချင်းအရင်းလိုမခင်တော့ဘူးလား
ငါ့ထက်တခြားပိုခင်တဲ့သူရှိနေလား။...နီသွေးအိမ်ပြန်ရောက်တော့ မေမေဘုရားကန်တော့သံကိုကြားရသည် ။အိမ်ရှေ့ခုံလေးမှာညီမလေးကစာကျက်နေသည်..နီသွေးတို့မိသားစုလေးကအေးချမ်းပါသည်
ဖေဖေမရှိပေမယ့် မေမေ့ မေတ္တာ ဖြင့်နီသွေးတို့မောင်နှမလုံခြုံနွေးထွေးရပါသည်
မေ့မေ့ စီမံမှုဖြင့်မတောင့်မတနေရပါသည်
နီသွေးမေမေ့ကိုကူညီနိုင်ချင်လှပြီ။
ညီမလေးနှငိ့မေမေက.
"ကိုကို စာသွားမကျက်ဘူးလား"
"သား.... စာကျက်သွားတာဆို"
"ဟုတ် မေမေ မာန် ခြေမျက်ရိုးအက်လို့လေ ခုဆေးရုံမှာ အဲ့ဒါကြောင့်စာမကျက်ဖြစ်ဘူး"
YOU ARE READING
Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)
General FictionType -General Fiction, Bl, Drama