Part-15(U)

48 6 4
                                    

နောက်တစ်နေ့နံနက်တွင်...

"ညီညီ ထတော့လေကွာ..."
မာန့်ကို ခေတ်ညီအိပ်ရာမှနှိုးနေခြင်းဖြစ်ပါသည်။
အညိုရင့်ရောင်အိပ်ယာထက်ဝယ် အိပ်နေသော
အမျိုးသားလေးသည် ခန္ဓာကိုယ်ကို ဘယ်ညာလိမ့်ကာ စောင်ကိုဆွဲယူပြီး ခေါင်းမြီးခြုံလိုက်ပါတော့သည်။

ခေတ်ညီအိပ်ယာပေါ်သို့ တတ်ကာ
မာန်ခြုံထားသောစောင်ကို အားဖြင့်ဆွဲယူပါတော့သည်။

"ကိုကြီးခေတ် ညီညီ အိပ်ချင်သေးတယ်ဆို"

နိုးတစ်ဝက်ဒေါသဖြင့်အော်ဟစ်နေသော
ညီငယ်ကိုကြည့်ကာ ခေတ်ညီ ဟန်ဆောင်ကာ
စိတ်ဆိုးလေ၏။ ထိုအခါမှ အခြားတစ်ဖက်သို့
လှည့်နေသောသူ၏ ပုခုံးကိုလှမ်းဖက်ကာ

"ကိုကြီးခေတ်ကလည်းဗျာ ကလေးကျလို့
အိပ်ရာနှိုးတိုင်း ညီညီက ဒီအတိုင်းမှန်းသိရက်နဲ့"

"အေးပါ အေးပါ သိတယ် "

လေသံအေးအေးဖြင့်ပြောလာတော့ မာန်တစ်ယောက်

"ဟာ ညီညီက ကိုကြီးစိတ်ဆိုးနေတယ်မှတ်တာ"

"အေးလေ ခုနက စိတ်ဆိုးတယ် "

"ဟာ ကိုကြီး..."

ပြုံးစေ့စေ့မျက်နှာကိုကြည့်ကာ မာန်တစ်ယောက်
ကိုကြီးသူ့ကို,စနေပြီမှန်းသိလိုက်ပြီ။ မာန်ရှိရာ
အိပ်ရာဘက်သို့ လှည့်ရပ်ကာ

"ညီညီ့ကိုပြောစရာရှိတယ် ..."

"ဟုတ် ကိုကြီး"

"ညီညီ ကိုကြီးအလုပ်တွေကို စိတ်ဝင်စားတယ်ဆို
...အဲ့ဒါ ညီညီ့အတွက် ကိုကြီးတစ်ခုစီစဉ်ထားတယ်"

အိပ်ယာထက်တွင် စောင်နှင့်လုံးထွေးနေရာမှ
မာန်ခပ်တည်တည်ထကာ မေးလိုက်သည်။

"ဘာစီစဉ်ပေးထားတာလဲဟင်...."

"အာ....ကိုကြီး ဆေးရုံတစ်ရုံဆောက်နေတယ်
ကိုယ်ပိုင်ပေါ့ အဲ့ဒါ မာန့်ကို ဦးစီးပြီးလုပ်ကြည့်ပါလား...."

"ဟုတ် ကိုကြီး ညီညီ ကြိုးစားကြည့်မယ်"

"အင်း...."

အေးချမ်းသော အပြုံးတစ်ပွင့်ဖြင့် ရှုပ်ပွနေသော
မာန့်ခေါင်းမှ ဆံပင်များကို လက်ဖြင့်ဖွကာ

Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)Where stories live. Discover now