ရင်ခွင်ထဲသို့ ယိုင်လဲကျလာသော ကောင်လေးဆီမှ ဝိုင်နံသင်းသင်း။ အကျင်္ီ
အဖြူပွပွကြီးနှင့် ကောင်လေးကို ခါးမှ လက်နှစ်ဖက်ဖြင့် ပွေ့ကာထိန်းထားလိုက်သည် ။ အမူးသမား လေး၏ ကော့ညွှတ်နေသော မျက်တောင်ရှည်ရှည်များသည် ယစ်မူးစွာ
လဲလျောင်းနေဟန် သို့သော် အသိစိတ်
ခပ်ယဲ့ယဲ့ကပ်နေသေး၏။ အဟိ ဟူသော
ရယ်သံတစ်ချက်ပြုကာ မာန့်ပုခုံးကို လက်နှစ်ဖက်ဖြင့် တွယ်ချိတ်ထားလေသည်။မာန် အမူးသမားကို တွဲကာ အိမ်ရှေ့ဆီမှ အိပ်ခန်းဆီသို့ တန်းသွားလိုက်
သည်။ နီသွေးကိုအိပ်ယာပေါ်သို့ ထိုင်ချ
စေပြီး မိမိပါ မျက်နှာချင်းဆိုင်ကာ ဝင်ထိုင်လိုက်သည်။ငိုက်ကျနေသော
မျက်နှာလေးမှာ ယမကာမရှိန်ဖြင့် နီမြန်း
နေကာ လက်ကလေးနှစ်ဖက်ကိုလည်း
ခပ်တင်းတင်းပိုက်ထားသေးသည်။
တင်ပလ္လင်ခွေကာထိုင်ထားသည့်အတွက်
ဘောင်းဘီတိုပွပွမဖုံးကွယ်ထားနိုင်သော
ခြေသလုံးသားလေးများမှာ ဖြူဝင်းမွတ် နေကာ ကိုက်ပစ်ချင်စရာ။ အဆူခံရသော
ကလေးငယ်လေးပမာ ချစ်စရာ မြတ်နိုး
စရာပင်။မာန် မိမိအရှေ့မှကောင်လေးကို အသည်း
ယားလွန်းလှသဖြင့်ပါးနီနီလေးတစ်ဖက်ကို
လက်ညှိုးလေးဖြင့်ထိုးကြည့်လိုက်တော့
အိခနဲ နစ်ဝင်သွား၏။ အမူးသမားလေး
သည် မိမိကို မျက်တောင်စင်းကြီးများဖြင့်
မော့ကြည့်လာသည်။ မာန်သည် သဘောတကျပြုံးကာ"ဘာကြည့်တာလဲ....."
"ချောတယ်......"
"ဟမ်......"
မိမိမေးသည်ကို *ချောတယ်* တစ်ခွန်းပြောကာ ခေါင်းပြန်ငိုက်သွားသဖြင့် မာန် အူကြောင်ကြောင်ဖြစ်သွားသည်။
"ဟေ့...အိပ်နေတာလား....."
ပါးကို ခပ်ဆဆလေးပုတ်ကာ မေးတော့
အမူးသမားကခေါင်းပြန်ထောင်လာသည်။
ကုတင်ပေါ်မှ ဆက်ခနဲဆင်းကာ ရေချိုးခန်းထဲသို့ လှုပ်တုတ်လှုပ်တုတ်
ဝင်သွားပြန်သည် ။ အတော်ကြာသည့်တိုင်
ရေချိုးခန်းထဲမှထွက်မလာသဖြင့် ရေချိုး
ခန်းတွင်း၌ လဲများနေသလားဟု တွေးကာ
ရေချိုးခန်းတံခါးကို သွား၍ဖွင့်လိုက်ရာ...
မာန်၏ရေချိုးပစ္စည်းများမှာ ကြမ်းပြင်တွင် ပြန့်ကြဲလျှက်။ အမူးသမားကမူ ကြမ်းပြင်
တွင် ကုန်းကုန်းကွကွနှင့် တစ်စုံတစ်ခုကို
ရှာနေဟန်ရှိသည်။ မျက်မှောင်များကို
အစွမ်းကုန်တွန့်ချိုးကာ နှုတ်ခမ်းမှာလည်း
ဆူတူတူဖြစ်နေရာ အလွန်အမင်း အလိုမကျဖြစ်နေသည်မှာအထင်အရှား
ပင်။
YOU ARE READING
Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)
Fiksi UmumType -General Fiction, Bl, Drama