Part-11(U)

42 3 2
                                    

မန္တလေးမြို့၏ ရာသီဥတုသည်ဖောက်လွဲဖောက်ပြန် သဘောဆောင်ကာ အခါလွန်မိုးများရွာသွန်းလျှက်။
ည (၂)နာရီခန့် မိုးသည်းသည်းကို သတိမပြုမိလောက်အောင် ငိုကြွေးနေသူ၏
ပုံရိပ်သည် မိုးရေစက်များကြားတွင် ဝိုးတစ်ဝါး။
လမ်းမထက်တွင် ခြေဗလာဖြင့် လျှောက်နေသော
သူသည် မည်သည့်အရာကိုငိုကြွေးနေမိမှန်း
ကိုယ်တိုင်ပင် မဝေခွဲနိုင်တော့။

Alex ကလပ်မှအပြန် မိုးရေများကြားတွင် မိမိကားရှေ့သို့လျှောက်လှမ်းလာသော လူတစ်ဦးကို ရုတ်တရက်မြင်လိုက်
သဖြင့် ဟွန်းတီးလိုက်လေသည်။ သို့သော်
ထိုလူသည် သတိလက်လွတ်ဖြစ်နေပုံရသည်။
မိမိ ကားဘရိတ်အုပ်လိုက်နိုင်သော်လည်း
ထိုလူသည် ကားရှေ့တွင် ပုံလျှက်သား လဲကျသွားလေသည်။

Alex အထိတ်တလန့်ဖြင့် ကားထဲမှဆင်းကာ
ထိုလူ့ကိုပွေ့ကာ လှုပ်နှိုးလိုက်လေသည်။

"ဟေ့လူ ဟာ...ဟေ့ သတိထားပါဦး"

*ဟင် ဟိုချာတိတ်*.
ဟုတ်ပါသည် ။ မိမိ ကလပ်တွင်တွေ့ခဲ့သော
ကောင်လေးပင်ဖြစ်နေသည် ။သို့သော် နှုတ်ခမ်း
များပေါက်ပြဲနေကာ ကိုယ်တွင်လည်း သွေးစအနည်းငယ်တွေ့ရသည်မို့
မိမိအိမ်သို့ခေါ်သွားရန် ဆုံးဖြတ်လိုက်ရသည်။

------------......---------------

မာန် သတိရလာတော့ လှပသော မျက်နှာကျက်ပြာပြာကိုမြင်လိုက်ရသည်။
ကိုယ်မှ ဒဏ်ရာများသည် ကိုက်ခဲလျှက်ရှိသည်မို့
နည်းနည်း ညဉ်းလိုက်မိ၏၊။

"အား....ကျွတ် ..ကျွတ်,..."

ထထိုင်ရန်ကြိုးစားလိုက်သော်လည်း အောက်ပိုင်း
မှ ဆစ်ခနဲနာကာ အိပ်ရာထက်သို့ ပြန်လဲကျသွားရသည်။

"မင်း ဒဏ်ရာတွေ မသက်သာသေးဘူး အလောတကြီး မလှုပ်ရှားနဲ့"

"ဟမ်..."

မာန် မိမိဘေးတွင်ထိုင်နေသောသူကို ခုမှ သတိထားမိတော့၏။

"ခင်ဗျား....ဟိုလူ.."

"အင်း ကိုယ်Alexပါ ကျူးလစ် "

"ကူညီပေးတာ ကျေးဇူးပါ Alex"

"မင်း နဲ့ ကိုယ်က အသက်အရမ်းကွာတာနော်
မင်းကိုယ့်ကို ဦး လို့ခေါ်သင့်တာ"

Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)Where stories live. Discover now