Part-13(U)

36 5 4
                                    

ကျေးလက်၏ နံနက်ခင်းသည် သာယာကြည်နူးဖွယ်အတိ။ နံနက်ရောင်နီပျိုး
ပြီမို့ ဆွမ်းတော်ခံ ကြေးစည်းသံ တနောင်နောင်သည် သတ္တဝါအပေါင်း
ကိုယ်စိတ်ချမ်းမြေ့စေသည်။
ကုသိုလ်တရားဖြင့် အစပြုသောနံနက်ချိန်သည်
မဂ်လာရှိပေစွ။

အိမ်ပြတင်းဆီမှလာသော အလင်းရောင်ကြောင့်
မာန်တစ်ယောက် မထချင်ဘဲထရတော့၏။
သမ်းဝေကာ အကြောဆန့်ရင်းမှ ကျောင်းသွားရမည်ကို သတိရတော့သည်။
ယခုမှစဖွင့်ရသော အထက်တန်းကျောင်းခွဲမို့
ဆရာ၊ ဆရာမများရော ကျောင်းသားများပါ
အစစအရာရာ ပို၍အားစိုက်ရလေသည်။
မာန်နောက်ဖေးရေကန်တွင် ရေချိုးနေခိုက်

"ဆရာ မသွားသေးဘူးလား"

"အေး ခဏနေ သွားမှာလေ"

မာန်နေထိုင်သော အိမ်သည် ရွာမှ ငွေကြေးအနည်းငယ်ချမ်းသာသော လူတစ်ဦး၏
အိမ်ပင်ဖြစ်သည်။မိသားစုဝင်သုံးယောက်သာ
ရှိပြီး လူငယ်ဟူ၍ ယခုနှစ်တွင် ဒဿမတန်းဖြေမည့် ကောင်လေးသာရှိလေ၏။

"ဆရာ ဒီနေ့ ဆရာ့အတွက် ထမင်းကြော်နဲ့
နွားနို့တစ်ခွက်ပြင်လာတယ်"

"ကော်ဖီ မဟုတ်ဘူးလား ကောင်းမြတ်ရ"

"ညက ဆရာအိပ်ရေးပျက်ထားသေးတာမလား
အဲ့ဒါကြောင့် အမေ့ကို နွားနို့လေးပဲ ပြင်ခိုင်းလိုက်တာ"

"အေးပါကွာ အဲ့ဒါဆိုလဲကျေးဇူးပဲ"

"ဆရာ ကျောင်းသွားရင် ကျွန်တော့်လည်းခေါ်ပါဦး"

ရေချိုးပြီးကာစမို့ နဖူးပေါ်တွင်ကျဆင်းနေသော ဆံနွယ်ခပ်စိုစိုတို့ကို တဘက်ဖြင့်ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်သည်။
ခပ်ကြယ်ကြယ်ရင်အုပ်နှင့် အချိုးအစား
ကျလှသော လက်ပြင်တို့သည် မာန့်အားခန့်ညား
စေလေ၏။ အဆီပိုမရှိသောခါး ၊ခပ်ကျော့ကျော့
လည်တိုင်တို့ဖြင့် သမင်လည်ပြန်လှည့်ကြည့်
လိုက်ခိုက်ဝယ် ကောင်းမြတ်သာ၏ ရင်တွင်းမှ
နှလုံးသားသည် ထိတ်ခနဲလန့်၍ ခုန်၏။

"ဘာကြည့်နေတာလဲ ဟေ့ကောင်"

"ဗျာ....."

စကားလှမ်းပြောခိုက် အထက်အောင်လှုပ်ရှားနေသော
Adam 's appleကို တစ်ချက်လောက်ကိုက်ကြည့်ချင်မိ၏။
နီညို့ညို့ နှုတ်ခမ်းတစ်စုံသည် သွေးဆောင်ဖြားယောင်းခြင်းကို ကိုယ်စားပြုသည်။အညိုရင့်ရောင်မျက်ဝန်းတို့
သည်ရေစက်တို့ကြောင့် တဖျတ်ဖျတ်လတ်
နေသယောင်။
"အာ ဘာမှမဟုတ်ပါဘူး ဆရာ"

Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)Where stories live. Discover now