ကျွန်တော် ကိုကို့ ကိုချစ်တယ်" ဟင့်အင်းမဟုတ်ဘူး မကြားချင်ဘူး ထွက်သွား ငါမင်းကိုမချစ်ဘူး..မုန်းတယ်...ဟုတ်တယ်ငါမင်းကိုမုန်းတယ် မာန် .....ဘယ်သူသိမလဲ တစ်စုံတစ်ယောက်ရဲ့အချစ်က ကျွန်တော့်ဘဝကိုကျိန်စာသင့်စေမယ်ဆိုတာ...
အဲ့ဒီနေ့ကကျွန်တော်နဲ့မာန် စကားတွေအများကြီးပြောဖြစ်ခဲ့ကြတယ်
ကျွန်တော်တို့သူငယ်ချင်းတွေစုပြီးတွေ့ကြတာလေ "မာန် "ကျွန်တော်ငယ်ကတည်းကသံယောဇဉ်ကြီးခဲ့ရတဲ့လူသား..အရာရာမှာယှဉ်ပြိုင်ခဲ့ကြတဲ့ကျွန်တော်တို့နှစ်ယောက်ကတစ်ယောက်နဲ့တစ်ယောက်လည်းတကယ်ခင်မင်ခဲ့ရသည်...မထင်မှတ်တဲ့ချစ်ခြင်းတရား....ကိုကျွန်တော်သိခွင့်ရချိန်...
ကျွန်တော်တို့ဘယ်ကစပြီးမှားယွင်းခဲ့ကြသလဲ?
.
.
.
.
.
"မာန် ရေ...ကျောင်းနောက်ကျတော့မယ် မြန်မြန်လာ" ကျွန်တော့တာဝန်လေ မာန့်ကိုကျောင်းနောက်မကျအောင်စောင့်ခေါ်နေရတာဒါကိုခုထိအိမ်ထဲကထွက်မလာ...ကျွန်တော့မှာတော့ မနက်၇ခွဲတည်းကအိမ်ကထွက်လာရတာ
ကျွန်တော်တို့နှစ်ယောက်အိမ်ကသိပ်တော့
မဝေးလှပါဘူး ....ဟော ...လာပါပြီ...
"အမယ်သပ်သပ်ရပ်ရပ်နဲ့ပါလား"
ငါကဘယ်တုန်းကသူတောင်းစားရုပ်ပေါက်နေလို့လဲ"
အဲ...မာန်ကနည်းနည်းတော့စိတ်ဆတ်တယ်😁
" နီသွေး...မင်းhomeworkတွေပြီးပြီလား".
"လုပ်လာပြီ ခုနကငါ့ကိုအော်နေတဲ့မာန်ဘယ်ချောင်ကြားရောက်သွားတာတုန်း" ကျွန်တော်ပြောတော့ မာန်ကရယ်ပါသည် သိတယ်လေ ဒီကောင်စာပြီးမလာလို့မျက်နှာချိုသွေးနေတာ..
ကျွန်တော်ကအမြဲတမ်းအိမ်စာပေးရင်ပြီးခဲ့တာများသည် မာန် လား ပြောမနေနဲ့ဉာဏ်သာကောင်းတာ စာ ဆိုတာသူရဲ့ရန်ဘက် ကျွန်တော်သူ့ကိုစောင်းကြည့်လိုက်သည် ဒီကောင်သွားအဖြီးသားနဲ့ ရုပ်ကိုက
"စာမပြီးတိုင်း ဒီကောင်ကြီးနီသွေးရင့်ကပဲတာဝန်ယူပေးနေရတာ" ကျွန်တော်ပြောတော့ သူက
"နီသွေးကလည်းကွာ ဒီတစ်ခါလေးပဲ ကူရေးပေးလေနော်" သောက်ကောင်ရုပ်ကိုက
"ဟေ့ကောင် မင်းဒီတစ်ခါ တွေများနေပြီ"
"လုပ်ပါကွာ ငါမုန့်ဝယ်ကျွေးမယ်ကွာ"
အာ....စိတ်ညစ်တယ်နော် ခက်တော့ခက်နေပြီ
မရေးပေးရင်လည်း စိတ်ကဆိုးဦးမည်..ရေးပေးရင်လည်း...ဟူး...ဒီကောင်တော်တော်ပျက်စီးနေပြီ ...မထူးဘူး ကိုယ်ကစရေးပေးမိခဲ့တာကိုး ကျွန်တော်သက်ပျင်းချပြီးခေါင်းသာငြိမ့်ပြလိုက်ရတော့သည်.
"အဟီး ငါ့သူငယ်ချင်းကချစ်ဖို့ကောင်းချက်"
သူဒီလိုပြောတော့ ကျွန်တော် လက်သီးနဲ့သာရွယ်ပြလိုက်တော့သည် ..
YOU ARE READING
Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)
قصص عامةType -General Fiction, Bl, Drama