နီသွေး မန္တလေးသို့ရောက်နေသည်မှာ တစ်လခန့်
ရှိပြီ။ အလုပ်ခန့်စာကိုစောင့်ရင်း မာန့်ကိုရှာနေ
သော်လည်း အရိပ်ယောင်မျှပင်မတွေ့။ ယနေ့ညနေတွင် ကော်ဖီသောက်ချင်လာသဖြင့်
အနီးနားရှိကော်ဖီဆိုင်၌ ထိုင်နေခြင်းဖြစ်သည်။မန္တလေးသည် လူတို့၏တစ်နေ့တာ လှုပ်ရှားရုန်းကန်မှု၊ စိတ်ညစ်ညူးမှု ၊ ပျော်ရွှင်မှု၊
ဝမ်းနည်းမှု များစွာသော အကြောင်းအရာတို့ကို
ခါးစည်းခံရင်း မောပန်းနေသယောင်၊။နေရာင်ခပ်ညှိုးညှိုးတွင် ကားများရှုပ်ထွေးစွာ
ပြေးလွှားနေလျက်။ ကော်ဖီဆိုင်၏ မှန်ပြတင်းမှ
လမ်းမထက်ကို အဓိပ္ပါယ်မဲ့ငေးကြည့်နေမိ၏။ကော်ဖီသောက်တိုင်း ရုတ်တရက်ဆန်စွာ
ကော်ဖီခါးခါးတွေ သောက်တတ်လာသည့် မာန့်ကို
ထိုအချိန်က အမှန်တကယ်နားမလည်ခဲ့ပါ။
ရုတ်တရက်ဆန်စွာ ပြောင်းလဲသွားသော လူသား။ကော်ဖီဆိုင်ရှေ့တွင် ရပ်လိုက်သော ကားတစ်စင်း။ ထိုအချိန် ဆိုင်ဝန်ထမ်းလေးတစ်ဦးမှ ကော်ဖီခွက်ကိုယူကာ
ထိုကားဆီသို့သွားပေးလေသည်။ ငွေရှင်းခိုက်
ကားတံခါးပြင်ပသို့ ရောက်ခါသော လက်တစ်ဖက်။ သွေးကြောစိမ်းစိမ်းတို့ဖြင့် ရှင်းသန့်နေသော လက်တစ်ဖက်ကိုမြင်ယုံဖြင့်
ထိုလူသည် သန့်ပြန့်ချောမောသော အမျိုးသား
တစ်ယောက်ဖြစ်မည်ဟု နီသွေးတွေးမိသည်။ကားဆီမှပြန်လာသော ဝန်ထမ်းလေးကို ခေါ်ကာ
"ညီလေး ခုန ကားထဲကလူက......"
"ဪ အစ်ကိုက အဲ့လူကိုသိချင်တာလား သူက
ဆိုင်ရဲ့ဖောက်သည်လေ ကြည့်ရတာတော့ သူဌေး
တစ်ယောက်ထင်ပါတယ် ရုပ်ကလည်းဖြောင့်ချက်ပဲ သူဆိုင်ကိုလာသောက်
တိုင်း ဆိုင်မှာ ကောင်မလေးတွေစည်တယ်ဗျ""ဪ......"
သွက်လက်စွာပြောပြသွားသော ဝန်ထမ်းလေးကို
ကြည့်လိုက်ကာ"ကျေးဇူးနော်..."
*မျက်နှာတောင်မမြင်ဖူးပဲ လူတစ်ယောက်အကြောင်းကိုလျောက်မေးနေမိ၏။စိတ်များလွတ်သွားသည်ထင်မိ၏။*
ယနေ့အတွက် ဘယ်နှစ်ကြိမ်မြောက်မှန်း မသိသော သက်ပျင်းမောကို ချမိ၏။
မနက်ဖြန် ဆေးရုံစဆင်းရတော့မည်။ မာန့်ကို
အချိန်ပြည့်ရှာနိုင်တော့မည်မထင်။ နီသွေး
ကော်ဖီဖိုးရှင်းပြီးနောက် တိုက်ခန်းသို့ အငှားကား
ဖြင့်ပြန်လာခဲ့၏။
.
.
.
.
စိမ်းလန်းသော ခြံဝင်းကျယ်အတွင်းသို့
ကားတစ်စီးငြိမ်သက်စွာ ချဉ်းနင်းလာ၏။
စက်သတ်သွားသော ကားပေါ်မှ ခန့်ညားချောမောသော အမျိုးသားငယ်တစ်ဦး
သည် အပေါ်ဝတ်ကုတ် အကျီင်္ ကို လက်တစ်ဖက်ပေါ်တွင်တင်ကာ ကားထဲမှ
ထွက်လာ၏။ ကားဒါရိုက်ဘာသည် အိမ်ထဲသို့ဝင်တော့မည့် အမျိုးသားငယ်ကို
YOU ARE READING
Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)
General FictionType -General Fiction, Bl, Drama