#Unicode
ညနေစောင်းတော့ မာန် စီးနေကျစက်ဘီးလေးကိုထုတ်ကာအနည်းငယ်ရွှိုင်းလိုက်သည်။ပြီးနောက်ရေမိုးချိုးကာ နီသွေးတို့အိမ်သို့သွားရန်ပြင်လိုက်သည်။
"မေမေ မာန်သွားပြီနော်"
ကျွန်တော်မေမေ့ကိုပြောပြီးအချစ်ရှိရာသို့စက်ဘီးလေးကိုအပြင်းနှင်စေလိုက်သည်။ထိုစဉ်မာန့်စက်ဘီးလေးဘေးမှဖြတ်မောင်းသွားသောကားလေးတစ်စီး...။. "ဗွမ်း!" သွားပြီ ကုန်ပြီ ဘယ်လိုမောင်းသွားတာလဲကွာ ကျစ်* မာန်စုတ်တစ်ချက်သပ်ရင်း မျက်ခုံးတွေကိုအလိုမကျစွာတွန့်ချိုးမိလိုက်ပါသည်။ သူဒီနေ့ သေချာပြင်ဆင်လာရတာ..သူဝတ်ထားသောအပြာရောင် အကျီလက်ရှည်အကွက်လေးတွင်ပေစင်နေသောရွှံ့စက်များ.... လမ်းကိုဖုန်သိပ့်အောင်ရေဖြန်းထားသူကိုအပြစ်တင်ရမလား?မောင်းသွားသောကားကိုပဲအပြစ်တင်ရမလား?စိတ်အလိုမကျသော်လည်းသက်ပျင်းတစ်ချက်သာချကာ ဒီအတိုင်းပဲသွားလိုက်ပါ တော့သည်။
"နီသွေးရေ"
သူနီသွေးကိုလှမ်းခေါ်ရင်းခြံထဲဝင်လာတော့*ဒီကားကဘာလို့နီသွေးတို့အိမ်ရောက်နေတာပါလိမ့်*
"နီသွေး..........!!!"
"လာပြီဟ အတင်းကုန်းအော်မနေနဲ့"
"အမ်....ခွီး...ဟား....ဟား......😂🤣"ကျွန်တော့်နီသွေးလေး..အာ..မဟုတ်ဘူး.
ကျွန်တော့်မည်းပေတူးလေး*ကျွန်တော်လက်ညှိုးထိုးပါအော်ရယ်မိပါသည်။ အိုးမည်းများပေတူးနေသောအနှီချစ်စဖွယ်လူသားလေး.ခပ်စင်းစင်းနှာတံပေါ်နှင့်ဘယ်ဘက်ပါးပြင်အောက်ဘက်တွင် ဖြူဝင်းသောအသားအရေနှင့်ဆန့်ကျင်စွာခြယ်မှုန်းထားသောအိုးမည်းများ...ပုဆိုးကို ခပ်တိုတိုဝတ်ထားပုံနှင့် လက်ထဲတွင်အဝတ်စတချို့ကိုင်ထားသည်မှာတမျိုးတမည်ပင်....
"တော်ပြီကွာ မရီတော့တော့မာန်"
မျက်မှောင်ကျုံ့ကာပြောနေသော်လည်းခပ်ရဲရဲမျက်နှာထားအရ ရှက်နေပုံရသောလူသားလေ၏ပုံစံမှာ ကျွန်တော်မမြင်ဖူးသော ချစ်ရသူ၏အခြားတစ်ဖက်။ ရယ်စကာချစ်စရာလူသားလေးသည် ကျွန်တော်၏နှလုံးသားတခြမ်း*
ကျွန်တော်မျက်နှာပိုးသတ်ကာ"အင်း"ဟုဖြေတော့ကျွန်တော့်ကိုသေချာကြည့်နေသောကောင်လေး.
ပြီးမှ..
"ဘယ်လိုဖြစ်လာတာလဲ အကျီတွေကရွှံ့တွေပေပွလို့"
"ဘာမှမဖြစ်ဘူး လမ်းမှာမတော်တဆပေလာတာ
ဒါနဲ့မင်းတို့အိမ်ကဧည့်သည်လာတာလား"
"အေး မေ့မေ့ သူငယ်ချင်းတဲ့ မိသားစုလိုက်လာတာ"
"အော် ဒါဆို ငါတို့မုန့်သွားမစားဖြစ်တော့ဖူးပေါ့"
ကျွန်တော့်မေးခွန်း၏နောက်ကွယ်မှမရေရာသောစိုးထိတ်မှုတွေကိုတော့ကျွန်တော်တစ်ယောက်သာသိပါသည်။ "Yes"လို့ အဓိပ္ပါယ်ရသောအဖြေဆိုရင်ရောကျွန်တော် သတ္တိရှိပါရဲ့လား?
"နောက်မသွားစားကြမယ်လေ"
ကျွန်တော်သွေးကိုတစ်ချက်ကြည့်ကာ ခေါင်းကိုငုံ့ထားမိပါသည်။ တစ်စုံတစ်ခုကိုဆုံးရှုံးသွားရသလိုဘာကြောင့်များခံစားရတာလဲ? တစ်ချိန်တည်းမှာပဲ စိတ်ထဲမှာအနည်းငယ်နေသာသွားပြန်သည်။
"မာန်စိတ်ဆိုးသွားတာလား နောက်လည်းသွားလို့ရတာပဲကွာ"
စိတ်ဆိုးနေသည်အထင်နှင့်ချော့နေသောကောင်လေးကိုတစ်နေ့တော့မေတ္တာတရားတွေအကြောင်း
သိအောင်ပြောပြနိုင်ခွင့်ရချင်ပါသေးသည်။
ကျွန်တော်ခေါင်းကိုမော့ကာ ဟီးခနဲ တစ်ချက်ရယ်ပြတော့ နှုတ်ခမ်းကိုတစ်ချက်မဲ့ကာ
ဉာဏ်များတဲ့အကောင်ဟူသော အကြည့်အချို့ကိုရလိုက်ပါတော့သည်။
"ငါစိတ်မဆိုးပါဘူးနီသွေး...မုန်းလည်းသွားမစားဖြစ်ဘူးဆိုတော့ငါ......;"
နီသွေးကိုပြောနေရင်း ဧည့်ခန်းမှထွက်လာဟန်ရှိသောမိန်းကလေးတစ်ဦးကိုမြင်လိုက်ရသည်။ သိပ်လှလွန်းသော မိန်းကလေး။ သူမကိုလှမ်းကြည့်နေသောကျွန်တော့်ကိုပြုံးပြလိုက်သည့်အခိုက်ပေါ်လာသောသွားစွယ်ဖွေးဖွေးလေးတွေ..သွားတတ်မဟုတ်ပါပဲ ခပ်ချွန်ချွန်ဖြစ်နေသောသွားစွယ်လေးတွေနှင့်ပါးလျလျနှုတ်ခမ်းတိုက မာန့်ကိုခေတ်တမိန်းမောသွားစေသည်။
"ပြန်တော့မှာလား မာန်"
နီသွေး၏စကားသံကြားမှကျွန်တော်သတိထားမိတော့သည်။ကျွန်တော်သွေးဘေးနားမှာတောက်တဲ့လိုကပ်နေမှဖြစ်တော့မည်။
"ဘာလို့ပြန်ရမှာလဲ ရောက်လာမှတော့ မင်းတို့ကိုဝိုင်းကူပေးရမှာပေါ့"
ခပ်တည်တည်နှင်ပြောနေသောကျွန်တော့်ကိုသွေးက'ဟုတ်ရဲ့လား'ဆိုသောမသင်္ကာအကြည့်နှင့်ကြည့်ပါသည်။ကျွန်တော်လည်းခေါင်းကိုတစ်ချက်ခပ်ဖွဖွဆွဲကုတ်ကာ
"တကယ်ပါ နီသွေးရာ ငါ့ကိုအဲ့လိုကြီးမကြည့်စမ်းပါနဲ့"
ထိုစဉ်မိန်းကလေးက သွေးတို့ဆီသို့ခပ်ဖြည်းဖြည်းလျောက်လာကာ
"သွေး မိတ်ဆက်ပေးပါလား သွေးသူငယ်ချင်းထင်တယ်"
မူပိုင်အပြုံးလေးနဲ့သူမကိုသွေးတစ်ချက်ကြည့်ကာ
"အေးပါဟ မာန် သူကမေမေ့သူငယ်ချင်းရဲ့သမီးမေမြတ်သွင်တဲ့"
"အာ မမေမြတ်သွင်"
ကျွန်တော်သူမနာမည်ကိုခေါ်ကာသူမကိုပြုံးပြလိုက်ပါသည်။ဒါနဲ့သွေးကဘာလို့သဝန်တိုနေတယ်လို့ကျွန်တော်ထင်နေမိတာလဲ။ကျွန်တော်သူငယ်ချင်းအသစ်ထားမှာကိုလား ဒါမှမဟုတ်မေမြတ်သွင်ကိုကျွန်တော်နဲ့မိတ်ဆက်ပေးလိုက်ရလို့လား?သေချာတာကတော့လေထုကထူးဆန်းနေသယောင်ပင်......။
YOU ARE READING
Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)
Ficção GeralType -General Fiction, Bl, Drama