Part-19(U)

39 4 4
                                    

"ဟဲလို မြတ်..."

ဘေးနားမှ နွေးထွေးသော အငွေ့သက်
ပျောက်ဆုံးသွားသည်မို့ မာန်အိပ်ရာမှ
ဆတ်ခနဲနိုးလာသည်။ ဝရံတာသို့ထွက်သွားသော အရိပ်တစ်ခု...။
သက်ဆိုင်သူနှင့် ဖုန်းပြောနေဟန်တူ၏။
မာန် ဒဏ်ရာများကို လျစ်လျုရှုကာ အိပ်ရာပေါ်မှဆင်းပြီး ခြေရင်းရှိစားပွဲပေါ်မှ
မီးခြစ်နှင့် ဆေးလိပ်ဘူးကို လှမ်းယူလိုက်သည်။
အိပ်ရာခြေရင်းတွင်ထိုင်ရင်း ဆေးလိပ်ကို
မီးညှိကာ နှုတ်ခမ်းထက်တွင် တင်လိုက်၏။ တစ်ချက်ရှိုက်ဖွာစဉ် ဆေးလိပ်ငွေ့တို့သည် အမှောင်ထုတွင်း
ရောဝင်စီးဆင်းသွားလေ၏။

ဆေးလိပ်(၃)လိပ်ကုန်ခါနီးတွင် မျက်စိရှေ့ရောက်လာသော ဖြူဖွေးနေသည့် ခြေတစ်စုံ။
မာန်မော့ကြည့်လိုက်တော့
နီသွေးက မာန့်ဘေးသို့ လာထိုင်သည်။
ထို့နောက်မာန့်လက်တွင်းမှ ဆေးလိပ်တိုကို
ယူကာ ရှိုက်ဖွာလိုက်ပြီး

"အိပ်မပျော်ဘူးလား....."

"အင်း....."

မာန်ဘေးမှ ကောင်လေးကို ငေးကြည့်ကာ

"စိတ်ညစ်စရာရှိနေတာလား..."

"အင်း..."

ထင်သည့်အတိုင်းပင်.. မိမိလက်ထဲမှ ဆေးလိပ်ကိုယူသောက်တည်းက
ရိပ်မိပါသည်။ မိမိသည်လည်း
စိတ်ညစ်ညူးတိုင်း ဆေးလိပ်သောက်တတ်သည် မဟုတ်ပါလား......။

"ဘာဖြစ်တာလဲ ပြောပြလေ...."

"ငါပြောပြရင် မင်း ငါ့ကိုရွံသွားမှာကြောက်တယ်...."

မျက်နှာနုနုတွင် ဝမ်းနည်းရိပ်နှင့်
စိတ်ရှုပ်ထွေးခြင်းတို့ထင်ဟပ်လျှက်။
ယူကြုံးမရဟန်အနည်းငယ်မျှ
စွန်းထင်းလျှက် ။

"ဘာမှမဖြစ်ဘူး ပြောပြ...."

မာန် နီသွေးကို နူးညံစွာ ချော့မော့ပြောရတော့သည်။
ချစ်ရသူရယ် မင်းစိတ်မချမ်းသာရင်
ငါ့ကမ္ဘာလည်း မသာယာပါဘူးကွယ်....။

"မာန် လွန်ခဲ့တဲ့ (၆ )နှစ်ကငါ့မွေးနေ့ကို
မှတ်မိလား..."

"အင်း...."

"ငါလေ အဲ့ဒီနေ့က ကောင်လေးတစ်ယောက်နဲ့....ငါ....."

နီသွေး မည်သို့ဆက်ပြောရမည်မှန်းမသိ
တော့။ စကားတို့သည် အဟန့်အတားမရှိ
ဘဲ ရပ်တန့်နေသည်။

Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)Where stories live. Discover now