Part-12(U)

40 4 4
                                    

ပြင်ဦးလွင်မှရန်ကုန်သို့သွားရာတွင် နီသွေး၏စိတ်အစုံသည် မတည်မငြိမ်။
မာန်သည် မိမိအမေရိကသို့ သွားရမည့် ကိစ္စကို
မသိလိုက်။ မနက်ခင်းမှ လေယာဉ်ထွက်ခွာမည်ဖြစ်သော်လည်း ကောင်းကောင်းနှုတ်ဆက်ချိန်မရမှာစိုးပါသည်။
မိမိနှင့်မာန်မှာ ငယ်စဉ်ကတည်းက ကြာကြာခွဲဘူးသည်မဟုတ်။

"မြတ် မောင့်ကိုမာန့်ဆီဖုန်းဆက်ပေးလို့ရမလား
မောင်ခေါ်တာ ခေါ်မရလို့..."
"အင်း  ခေါ်ကြည့်လိုက်မယ်"

မေမြတ်သွင် မာန်ဆီ ဆက်သွယ်မပေးချင်ပါ။
*မောင်ရယ် မြတ်ကို မောင့်သူငယ်ချင်းရဲ့
တစ်ဝက်လောက်ပဲ ဂရုစိုက်ရင်တောင် မြတ်ကျေနပ်ပါတယ် အခုဟာက မောင် မာန့်အပေါ်မှာ သိပ်ကိုဂရုစိုက်လွန်းနေတယ်
မောင့်ချစ်သူ ကျွန်မထက်ပိုပြီးတော့ပေါ့
ဒါဟာ ဖြစ်သင့်ရဲ့လားမောင်*

^တူ........တူ...... ဟဲလို^

"မောင်...,"

မြတ် မောင့်ဆီသို့ဖုန်းပေးလိုက်ပါသည်။

"ဟဲလို မာန် ငါပါ "

"အင်း"
"ငါ အမေရိက ကိုသွားရတော့မယ်"
"ဪ ...."
တစ်ဖက်မှ မာန်၏ဖြေသံသည် အားနည်းတိုးလျလှသည်။

"အခုပဲတဲ့ မာန်"
"ငါ့ကိုနှုတ်ဆက်တာလား"

မာန် မျက်ရည်မကျတော့ပါ။ ရင်၌ ဆစ်ဆစ်နာနေသော ဝေဒနာသာရှိပါတော့သည်။

"အင်း မာန် ငါ (၆)နှစ်လောက်ကြာမယ်ထင်တယ် ငါမရှိတဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကိုဂရုစိုက်ပါကွာ "

"ဘာဖြစ်လို့ ဂရုစိုက်ရမှာလဲ "

ဘုဂလန့်အပြောကြောင့် နီသွေးစိတ်မကောင်း
ဖြစ်မိပါသည်။

"ဂရုစိုက်ပါ မာန်ရာ "

"အင်းပါ ....
..သွေး......"

"ဟင်....."

"ငါစောင့်နေမယ် မြန်မြန်ပြန်လာခဲ့"

"အင်း"

ဖုန်းချလိုက်သော်လည်း နှစ်ယောက်စလုံး၏
နှလုံးသားဝယ် အလွမ်းတို့စတင်ကိန်းအောင်း
လာချေပြီ။

နီသွေး ရင်တွင်းမှ အမည်မသိဝေဒနာကို
နားမလည်နိုင်ပါ။ မိမိသည် ချစ်သူမေမြတ်သွင်ထက်
သူငယ်ချင်းလူဆိုးလေးကိုသာ ပို၍စိတ်ပူနေမိသည်။
*မာန်နှင့်မိမိသည် ငယ်သူငယ်ချင်းတွေမို့သာဖြစ်မည်ထင်ပါသည်*။

Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)Where stories live. Discover now