မေမြတ်နှင့်ထား ဘာစကားမှ ထပ်မပြော
ဖြစ်ကြတော့။ မာန်သည် wheelchair ပေါ်တွင်ထိုင်နေရင်း နောက်လှည့်ကာ
သွေးကို မျက်လုံးပင့်၍ ကြည့်လိုက်သည်။
ထို့နောက် လက်မှကိုင်ထားသော ဖုန်းကို
တစ်ချက်ပြန်ကြည့်ပြီးနောက်"ငါ ဆေးရုံကိုပြန်ရဦးမယ် ဟိုမှာ အလုပ်
တွေ တော်တော်လေးကျန်ခဲ့သေးတယ်""အင်း အဲ့ဒီတော့ ....,."
စကားပြောရင်း လျှောက်လာကြပြီး နီသွေး
မေမြတ်ဘေးရှိ ခုံတွင်ဝင်ထိုင်လိုက်သည်။
မာန် နီသွေးကို ခပ်အေးအေးပြုံးပြကာ"ငါ ပြန်နှင့်တော့မယ်လေ မင်းနဲ့
မေမြတ် အေးဆေးစကားပြောရစ်ကြ...""ဟုတ်သားပဲ မောင်ရယ် "
မေမြတ်သွင် ကော်ဖီသောက်နေရာမှ
မာန့်စကားကို ထောက်ခံလေတော့သည်။
နီသွေးသည် မာန့်ကို စိတ်ပူဟန်ဖြင့်"မင်းခြေထောက်နဲ့ အဆင်ပြေပမလား"
"အမလေး ငါရှိပါတယ်ဟဲ့...ငါဂရုစိုက်
လိုက်ပမယ် ..."စားပြီးကုန်သွားသော ပန်းကန်ပြောင်ပြောင်များကို ဘေးသို့
တွန်းဖယ်ရင်း ထပြောသော ထားထားဝေကို မာန်က စိတ်လေတယ်
ဟူသော အကြည့်ဖြင့် လှမ်းကြည့်လိုက်၏"အေးပါ အဲ့ဒါဆိုလည်း နင် သူ့ကို
သေချာပေါက်ဂရုစိုက်လိုက်နော်..""အေးပါဟယ် ဖြစ်ပျက်နေတာ...
မပြောချင်ဘူး..... "နီသွေးက ခပ်ဟဟရယ်ပါသည်။ မေမြတ်
သည် မျက်နှာကိုတစ်ဖက်လွှဲကာ တွေဝေ
ငေးမောလျှက်။"ကဲ အဲ့ဒါဆို ငါတို့သွားကြစို့ လာ..."
ထားထားဝေခုံမှထကာwheelchair ကိုတွန်းလိုက်သည်။ နှစ်ဦးသား နီသွေး
တို့ကိုနှုတ်ဆက်ပြီး ဆိုင်မှပြန်လာခဲ့လိုက်
လေ၏။နီသွေးသည် ပြန်ခါနီးသူ့ကို ပြုံးပြ
နှုတ်ဆက်သွားသော မာန့်ကိုကြည့်ကာ
တစ်မျိုးတစ်မည်ခံစားလိုက်ရ၏။"ဟူး......"
"ဘာဖြစ်လို့လဲ မောင် သက်ပျင်းတွေတအားချနေတာပါလား"
"ဪ မာန်လေ...သူ့ကြည့်ရတာ အရမ်း
အထီးကျန်နေသလိုပဲမို့....""ဪ...."
YOU ARE READING
Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)
Художественная прозаType -General Fiction, Bl, Drama