တဖြူးဖြူး တိုက်ခတ်နေသော လေညှင်းလေး၏ကျီစယ်တိုးဝှေ့မှုကို မေမြတ်သဘောတကျ ခံယူမိသည်။ ဒဿမတန်းဖြေဆိုပြီးနောက် ညစ်ညူးနေသောစိတ်အစုံကို လက်ဆတ်စေသောသဘာဝတရားကြီးကို အလွန်သဘောကျမိသည်။ ယခုမေမြတ်တို့ လူတစ်စုပြင်ဦးလွင်မြို့သို့ ခရီးသွားနေကြခြင်းဖြစ်သည်။ မေမေ့သူငယ်ချင်း ရှိရာကျေးလက်မှခင်မင်လာသော သူငယ်ချင်းအသစ် (၃)ယောက်ကိုအလည်အပတ် ခရီး ခေါ် လာခြင်းပင်။
ခေါင်းကိုဘေးဘက်သို့အတန်ငယ်စောင်းကာ ကားမူးနေပုံရသော သူငယ်ချင်း အသစ်လေးထားထားဝေ၊ နောက်ဘက်းခန်းမှာ တော့ သွေး၏ပုခုံးကို မှီတွယ်ရင်းလိုက်ပါသော မာန် ၊ မေမြတ် ထားထားဝေ ဘက်သို့ကြည့်ကာ
"အဆင်ပြေလား ထားဝေ၊ လမ်းမှာ ခဏနားချင်သေးလား"
နွမ်းဖတ်ဖတ်ဖြစ်နေသော ပုံစံလေးနှင့် ထားဝေမှာ ခေါင်းကိုသာဖြည်းငြင်း စွာရမ်းပြ နေပါသည်။
"ခဏလောက်နားလိုက်ရအောင် မာန်ခေါင်းမထောင်တော့ဘူး။"မေမြတ်ကိုလှမ်းကြည့်ရင်းပြောလာသော သွေး။ သူမ မာန့်ကိုလှမ်း ကြည့်တော့ တစ်ကိုယ်လုံးကို သွေးဘက်သို့ မှီချထားသောသူ။ ခပ်ထင်းထင်း မေးရိုးက တစောင်းဖြစ်နေသော မာန့်မျက်နှာကို တင့်တယ်စေသည်။ နဂို မာနခြုံလွှမ်းထားတတ်သော
မျက်ဝန်းတို့ကသွေးကြောစိမ်းဖန့်ဖန့်လေးများ
ယှက်သွယ်နေသောမျက်ခွံနုနုတို့အောက်ဝယ်ငြိမ်သတ်စွာအနားယူနေဟန်ရှိသည်။ယောက်ျားဆန်လွန်းလှသောအမျိုးသားလေး၏
မျက်နှာမှာ အဖျားရှိန်ကြောင့်ခပ်ရဲရဲဖြစ်နေလေသည်။
သူမမျက်နှာကို အရှေ့သို့ပြန်လွှဲပြီး 'အင်း'ဟုသာဖြေလိုက်သည်။"မာန် ထဦး ကားခဏနားတယ် အပြင်ထွက်ကြည့်ဦး "
နီသွေး၏နှိုးခြင်းခံရသောသူသည် အလိုမကျသောဟန်နှင့် ပိုတိုး၍သာအိပ်နေသည်။
"ထဦးကွာ ပိုဖျားနေလိမ့်မယ် ဖျားနေလို့မလိုက် ပါနဲ့ဆိုတော့ နားမထောင်ဘူး"
"လိုက်မှာပဲ ငါ့ကျတစ်ယောက်ထဲ ပစ်ထားပြီး မင်းပဲသွားလိုရမလား"
နီသွေး၏ဆူပူသံအောက်မှာ ကလေးဆန်စွာရန်တွေ့နေသူ။ မာန်၏နဖူးကို လက်နှင့်စမ်းကြည့်တော့ ကိုယ်ပူချိန်ကတော်တော်လေးပြင်းနေသည်မို့
YOU ARE READING
Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)
Tiểu Thuyết ChungType -General Fiction, Bl, Drama