မေမြတ်တို့ ပိတ်ချင်းမြောင်သို့သွားရန် စီစဉ်ခဲ့သော်လည်း မသွားဖြစ်ခဲ့ပေ။ မာန်နေမကောင်းသောကြောင့် ဂူအတွင်းသို့ဝင်ရာတွင် အနည်းငယ် အခက်အခဲရှိနေလေသည်။ သို့ဖြင့် သူမတို့လူစု
အမျိုးသားကန်တော်ကြီးဥယျာဉ်သို့သာ
သွားဖြစ်ကြတော့သည်။အေးစိမ့်စိမ့်ဖြစ်နေသော ရာသီဥတုသည်
ပြင်ဦးလွင်မြို့၏ ပြယုဂ်ပင်ထင်၏။ လတ်ဆတ်စွာတိုးဝှေ့လာသော လေပြေညှင်းသည်
ပါးပြင်ဆီသို့ တိတ်တဆိတ်ပွတ်တိုက်သွားသည်။
သူမငေးကြည့်နေသော ကောင်လေးသည်
နှာခေါင်းထိပ်ဖျားတို့နီရဲကာ လက်ဖဝါးနှစ်ဖက်ကို
ပွတ်ချေရင်း အအေးဓာတ်ကို အံတုနေလေသည်။
သူမ ကောင်လေးအနီးသို့သွားကာ"ရာသီဥတုက နည်းနည်းအေးနေတယ် အဆင်ပြေလားသွေး".
"ပြေပါတယ် မေမြတ်ရဲ့ "
"မာန် မင်း အကျီၤ ထူသလား အအေးပတ်နေမယ်"
"အင်း မင်းသာဂရုစိုက်"
"မာန်တို့ကိုအရမ်းအားကျတာပဲ တစ်ယောက်ကို
တစ်ယောက် အရမ်းဂရုစိုက်ကြတယ်နော်"သူမတကယ်လည်းအားကျပါသည်။ အနည်းငယ်လည်း မနာလိုမိသည်။ အထူးသဖြင့်
ငြှိုးမာန်ခဆိုသော ထိုအမျိုးသားကိုပင်။ ထိုသူသည် သူမမြတ်နိုးမိသွားသော ကောင်လေး၏ဂရုစိုက်မှုအစုံကို ရရှိထားသူဖြစ်သည်။ *နီသွေးရင့် ကျွန်မလည်း
ရှင့်ဆီကနွေးထွေးမှုကို ရချင်မိတယ်*"ဟုတ်တယ် မေမြတ်ရဲ့ ကျွန်တော်တို့က
ငယ်သူငယ်ချင်းတွေလေ"မာန်၏နှုတ်ခမ်းတွင် အပြုံးပါးပါးတစ်ခုကို
ဆင်မြန်းရင်း ပြန်ပြောလိုက်သည်။ထိုအချိန်တွင်
သူတို့ဘေး၌ စကားမပြောဘဲရပ်နေသော မယ်တေမိ ထားထားဝေမှ တစ်စခန်းထလာပါတော့သည်။"ဟဲ့ ဟိုမှာ ကျူးလစ်ပန်းတွေ အရောင်ကိုစုံနေတာပဲ ငါတို့အဲ့ဘက်သွားရအောင်"
ဟုတ်ပါသည် ။ ထားထားဝေညွှန်ပြသောဘက်တွင် အရောင်အသွေးစုံစွာ လှပနေသော ကျူးလစ်ပန်းများ ။ ငြှိုးမာန်ခမှာ ကျူးလစ်ပန်းများကိုသဘောကျသောသူဖြစ်သည်။
YOU ARE READING
Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)
Ficción GeneralType -General Fiction, Bl, Drama