Part-20(U)

40 5 16
                                    

နီသွေးရင့်တစ်ယောက် အရှက်သည်းနေ
ရာမှ လက်များကိုမျက်နှာမှ ဖယ်ခွာလိုက်လေသည်။ အခန်းဆီသို့
ပြန်တတ်ရန်ပြင်လိုက်စဉ် ခြေဖဝါးမှာ
စေးကပ်သောအရာတချို့ကို နင်းမိလိုက်
လေသည်။

*ဘာတွေလဲဟ...*

ကြမ်းပြင်ဝယ် အနီရောင်အစက်တစ်ခု။

မာန့်ခြေဖဝါးရှိ ဒဏ်ရာမှ သွေးပြန်ထွက်နေသည်ထင် ။ သူဖက်တက်လိုက်စဉ် မာန့်မျက်နှာ တစ်ချက်မဲ့သွားသေးသည်။ သူတော့
ဒဏ်ရာနဲ့လူကိုမှ ဒုက္ခပေးမိသည်ထင့်။

အိပ်ခန်းဆီသို့ပြေးတတ်ကာ ကြည့်တော့
ရေချိုးခန်းဆီမှ အသံသဲ့သဲ့ကြားရသည်။
နီသွေးရေချိူခန်းတံခါးကို အသာခေါက်
ကာ

"မာန် မင်းဒဏ်ရာက သွေးတွေပြန်ထွက်နေတာ
မင်းအဆင်ပြေလား...."

မာန်သည် နီသွေး၏အသံကိုကြားသော် အနည်းငယ်လန့်သွားသည်။ ရေချိုးခန်း
တံခါးကို လော့ခ် ချမထားမိချေ။

"ငါဝင်လာခဲ့ရမလား မင်းအဆင်ပြေလား..."

"ရတယ် ရတယ် မဝင်ခဲ့နဲ့ အဆင်ပြေတယ်....!(မြတ်စွာဘုရား)"

ငြှိုးမာန်ခသည် bathtubeထဲမှနေ၍ ဘုရားသာ တ,လိုက်မိပါသည်။ ယခုအချိန်ဝင်လာပါ
က မိမိခါးမှ တက်တူးကို ရှင်းရှင်းလင်းလင်းကြီးမြင်သွားပေလိမ့်
မည်။ သူ ပြောပြဖို့ထိ အဆင်မသင့်သေးဘူး။

နီသွေးသည်  မာန့်ဆီမှ စကားပြန်မရသည်မို့ ဝင်ခဲ့မည်အပြုတွင်
မာန်၏အလောတကြီးတားဆီးသံကို
ကြားရတော့သည်။ ထို့နောက် တံခါးဝ
တွင်ရပ်ကာ မျက်မှောင်ကျုံ၍

"တကယ်အဆင်ပြေလား...."

"ပြေတယ် ပြေတယ်လို့...."

"အင်းအင်း အဲ့ဒါဆိုလဲပြီးတာပဲ "

"သွေး မင်း မနက်စာ သွားစားနှင့်လေ"

"အင်း ဒါပေမယ့် မင်းဒဏ်ရာက....."

"ရတယ် အဆင်ပြေတယ် ဆေးရုံရောက်မှ
ဆေးထည့်တော့မယ်...."

"ပြီးတာပဲ..."

နီသွေး အောက်ထပ်သို့သွားကာ မနက်စာစားနှင့်လိုက်သည်။
ငြှိုးမာန်ခမှာမူ ယခုမှ အသက်ဘေးမှ လွတ်မြောက်ဟန်ဖြင့် သက်ပျင်းချလိုက်
၏။

Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)Where stories live. Discover now