Part-21(Z)

28 1 0
                                    

လွဲနေသော ခြေကျင်းဝတ်ကို ဆတ်ခနဲ့ ပြန်တည့်ပေးခိုက် "အား" ဟူသော အော်သံသည် အရိုးကုသဆောင်တစ်ခုလုံး
ဟိန်းထွက်သွားလေ၏။ ဘေးမှ ဆရာ/ဆရာမလေးများသည် မာန့်ကို မျက်လုံးပြူး၍ကြည့်နေကြလေသည်။
မာန်ကသူတို့ကို 'ဘာလဲ'ဟူသော အထာဖြင့် မေးဆတ်ကာ မသိသလိုကြည့်လိုက်သည်။

နီသွေးရင့်သည် မာန့်ကိုကြည့်ကာ နဖူးကို
လက်ညှိုးဖြင့်ထောက်၍

"အာတော်တော်ပြဲတာပဲ ဟမ်"

"ဟာကွာ..."

မာန်ရှက်ရမ်းရမ်းကာ ခေါင်းကိုသာ
တွင်တွင်ကုတ်နေမိပါသည်။
ခပ်တည်တည်နေသည်ကိုသာ မြင်နေရ
သော ဝန်ထန်းလေးများမှာ အောက်မေးရိုး
များတန်းစီပြုတ်ကျသွားလေတော့၏။

"လာ...."

နီသွေး လက်နှစ်ဖက်ကိုဆန့်တန်းကာ
မာန့်ဆီကိုလှမ်းလိုက်တော့ ကုတင်ပေါ်တွင် ထိုင်နေရင်းဖြင့် မိမိကိုမော့ကြည့်လာသော
မျက်ဝန်းညိုများ ....။မျက်တောင်ခတ်ဖို့
မေ့လျော့သည်အထိ ထိုမျက်ဝန်းလေးများ
ကိုငေးမောမိပါသည်။

"အာ.....ငါwheelchairပေါ်ကိုပဲ ထိုင်
လိုက်တော့မယ်လေ..."

"အမ်...အော်. အင်းအင်း..."

နီသွေး လက်နှစ်ဖက်ကို ကမန်းကတန်း
ပြန်ချကာ wheelchair ပေါ်သို့ရွှေ့ပေး
ရန်ကူညီလိုက်လေသည်။ မာန်
wheelchair ပေါ်သို့ထိုင်ပြီးနောက်
နီသွေးရင့်သည် wheelchair ကို
တွန်းပေးကာ အရိုးကုသဆောင်မှ
ပြန်သွားကြသည်။ ထားထားဝေလည်း
နောက်မှ ပါးစပ်ကလေးကို အုပ်ကာ
ရီပြီးလိုက်ပါသွားတော့သည်။

သုံးယောက်သား မာန့်ရုံးခန်းသို့
သွားလိုက်ကြသည်။ ရုံးခန်းတွင်းရှိ
နာရီသည် ၁၂ဟူသောဂဏန်းကို ပြသလျှက်။  အခန်းတွင်းဝယ် သက်သာ
စွာ ထိုင်ချပြီးမှ မာန်က ထားထားဝေကို
ကြည့်ကာ

"ကဲ ဆိုစမ်းပါဦး...."

"ငါလား ငါကဘာကိုဆိုရမှာတုန်း...."

"ဒီကို ဘယ်တုန်းကရောက်နေတာလဲ
ပြီးတော့ နင့် uniformက ....."

"ငါဒီနေ့မှ အလုပ်စဝင်တာဟ....
ငါချည်းမေးမနေနဲ့ နင်တို့ကရော....."

Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)Where stories live. Discover now