Part 23(U)

19 2 6
                                    

ထားထားဝေသည် ကားနောက်ခန်းတွင်
ထိုင်နေရင်း အရှေ့ခန်းမှ ကားမောင်နေသူ
ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
တည်ငြိမ်သောမျက်နှာထားနှင့် ကားကိုမောင်းနေပုံမှာ အေးဆေးလှ၏။
ထားထားဝေကသာ ပူပန်နေရသဖြင့်
အိုးကမပူ စလောင်းကပူ ဆိုသလိုဖြစ်နေ
လေသည်။

"နင်စိတ်မပူဘူးလား...."

"ဟမ် ဘာကိုတုန်း...."

မာန်က နားမလည်သယောင်ဖြင့်
မျက်တောင်တဖျတ်ဖျတ်ခတ်နေပြီးမှ
စဉ်းစားနေဟန်ပြုသည် ပြီးမှ သတိရ
သွားပုံဖြင့်

"အာ....မပူပါဘူး.."

အရိပ်ငယ်တချို့သည် မာန့်မျက်ဝန်းတွင်း
ဝယ် တိတ်ဆိတ်စွာဖြတ်ပြေးသွားသည့်
တိုင် မျက်နှာသည် နဂိုအတိုင်း တည်ငြိမ်
ဆဲ။ သူ၏ အားနည်းသည့် တစ်ဖက်ခြမ်း
ကို ခပ်လွယ်လွယ်ထုတ်မပြသည်မှာ
အကျင့်ဖြစ်နေချေပြီ။

    သူတို့နှစ်ဦး ကားလေးသည် တရွေ့ရွေ့မောင်းနှင်လာရင်း ဆေးရုံဆီသို့
ပြန်ရောက်လာ၏။  မိထား
wheelchair ကိုတွန်းကာ ရုံးခန်းသို့
တန်းသွားလိုက်သည်။

မာန်သည် wheelchair ပေါ်မှ ဆိုဖာပေါ်သို့ ရွှေ့ချင်နေမိသည်။
ထားထားဝေကို မျက်နှာငယ်လေးနှင့်
လှမ်းကြည့်လိုက်စဉ် ထားထားဝေမှာ
သူ့ကိုကြောက်လန့်တကြား ကြည့်လေ၏။

"ဘာလဲ ငါ့ကိုအဲ့လိုမျက်နှာနဲ့ မကြည့်နဲ့နော်...."

"ငါဆိုဖာပေါ်ရွှေ့ချင်တယ်....."

"အမလေး ငါ ရေသောက်ပါရစေဦးဟယ်"

သူမသည် ရေခဲသေတ္တာဆီ အပြေးသွား
ကာ ရေသန့်တစ်ဘူးထုတ်ယူပြီး
သောက်လိုက်တော့သည်။ ပြီးမှ မာန့်ဆီ
လာကာ တွဲထူလေ၏။ ကြီးမားသော
ခန္ဓာကိုယ်ကို တွဲထားရသည်မို့ သူမတို့နှစ်ယောက်မှာ မနိုင်မနင်း
ဟန်ချင်မညီဖြစ်နေသည်။ မာန်
ဆိုဖာပေါ် ထိုင်ချလိုက်သည်နှင့်
ထားထားဝေပါ အားလွန်ကာပြုတ်ကျ
လာလေတော့၏။

ထိုစဉ် ရုံးခန်းတံခါးသည် ကျွီခနဲအသံပြုကာ ပွင့်ဟလာ၏။ နီသွေး
မြင်လိုက်ရသော မြင်ကွင်းကို အံ့အားသင့်ကာ ကြောင်နေမိသည်။
ပြီးမှ ခပ်တင်းတင်းဟန်ဖြင့် တံခါးကို
ဒုန်းခနဲ အသံမြည်အောင် ပိတ်ချသွားလေ
သည်။

Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)Where stories live. Discover now