#အောက်တိုဘာလ (၅)ရက်နေ့၊ ညနေ (၄)နာရီ။
"Happy birthday Nithwayyint
Wish you all the best"ပထမဦးဆုံးရောက်လာသောမက်ဆေ့ခ်ျတစ်စောင်
။ ပေးပို့သူက 💌မာန် 💌တဲ့...။ နီသွေး
မာန့်ဆီသို့ဖုန်းခေါ်လိုက်ပါသည်။" ဟဲလို မာန် "
"အင်း သွေး"
တစ်ဖက်မှ စကားပြောသံနောက်တွင် တဝီဝီကပ်ပါလာသော ကားမောင်းသံများ။"မာန် မင်းဘယ်ရောက်နေတာလဲ ကားသံတွေကြားနေရတယ်"
"ငါ မန္တလေးမှာ သွေးရဲ့ ဒေါ်ဒေါ်တို့ဆီ အလည်သွားတာလေ"
သွေး ဆေးကျောင်းသွားတတ်သောအခါ သူအဆင်သင့်ကူညီပေးနိုင်ရန်အတွက်
ကြိုတင်ကာလေ့လာနေခြင်းဖြစ်ကြောင်း
ကိုတော့ မာန်ပြောပြလိမ့်မည်မဟုတ်ပေ။
"ဒါဆိုမင်းကငါမွေးနေ့မှာငါနဲ့
အတူရှိမနေပေးဘူးပေါ့"လေလှိုင်း၏တစ်ဖက်မှ နီသွေး၏မျက်နှာသည်
အနည်းငယ်ရှုံ့မဲ့သွားလိမ့်မည်ဖြစ်ကြောင်း
မာန်မြင်ယောင်နေမိပါသည်။ မာန် အောက်နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ကာ"မင်းအတွက်မွေးနေ့လက်ဆောင်က ပြင်ပြီးပြီ
မင်း မန္တလေးကိုလာခဲ့ပါလားသွေး "မွေးနေ့တွင်အတူလျှောက်လည်ရန် မျှော်လင့်ချက်ကလေးဖြင့် တောင်းဆိုတော့
"ဘာလို့လာရမှာလဲ မလာချင်ဘူး"
ရယ်သံစွက်ကာပြောနေသည်မို့ သွေး သူ့ကို
စနောက်နေပြီဖြစ်ကြောင်း သိလိုက်ပြီ။"လာခဲ့ပါကွာ မွေးနေ့တိုင်းအတူရှိနေကျကို
ဘာလဲ မင်းမုန့်မကျွေးချင်လို့လား..""မဟုတ်ပါဘူး လာခဲ့မယ်..."
#......#.......,#......,.;#
..
.
.
မန္တလေးမြို့၏ ကျုံးဘေးတွင် အတူယှဉ်ရပ်ကာ
ညနေ နေဝင်ဆည်းဆာ၏အလှကို ခံစားနေမိသည်။"မာန် ....."
ခရီးရောက်မဆိုက်မို့ နွမ်းလျနေသောအသံပိုင်ရှင်
သည် ဆည်းဆာအလှကိုလျစ်လျူရှုကာ သူ့အားအခေါ်တော်ရှိလာခဲ့သည်။"ဟင်....."
"မန္တလေးက သိပ်လှတာပဲနော်"
"အင်း.."
YOU ARE READING
Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)
General FictionType -General Fiction, Bl, Drama