part-5.2(U)

57 3 2
                                    

"မေမြတ်ကိုအန်တီခေါ်နေတာထင်တယ်"
*သွေးရယ်အန်တီခေါတာကိုငါနဲ့မေမြတ်သွင်မကြားဘဲမင်းပဲကြားတာပေါ့။ထူးဆန်းတယ်နော်*ကျွန်တော် စိတ်ထဲမှာသာဒီစကားတွေကိုပြောမိပါသည်။
အပြင်မှာတော့
"ဟုတ်သားခေါနေတာထင်တယ်"

ထိုအခါမေမြတ်သွင်ကဧည့်ခန်းဆီတစ်ချက်လှမ်းကြည့်ကာကျွန်တော်တို့ကိုနှုတ်ဆက်ပြီးလှည့်ထွက်သွားလေသည်။ကျွန်တော်သွေးကိုကြည့်လိုက်တော့မေမြတ်သွင်ကိုအမည်ဖော်မရသောမျက်လုံးတွေနှင့်ကြည့်နေသည်ကိုတွေရလေသည်။*ငါထင်သလိုတော့ မဟုတ် ဘူးမလားသွေး*
"နီသွေးဘာရပ်ကြည့်နေတာလဲ ငါ့ကိုဒီလို ရွှံ ပေကြီးနဲပစ်ထားတော့မှာလား"
"လာလိုက်ခဲ့ ငါ အင်္ကျီ
တစ်ထည်ယူဝတ်လိုက် တီချယ်ဆီလည်းဖုန်းဆက်လိုက်ဦး စိတ်ပူနေလိမ့်မယ်"
သွေးကကျွန်တော်ကိုသူ့အခန်းလေးဆီသို့ဦးဆောင် ခေါ် သွားပါသည်။ အခန်းထဲတွင်တစ်ယောက်အိပ်ခုတင်လေးရယ်၊အဝတ်ထည့်ထားသည့် ဗီရို လေးတစ်လုံးရယ်၊ စာကြည့်ခုံလေးရယ် ရိုးရှင်းလှပါသည်။ စာကြည့်စားပွဲ ပေါ်တွင် ကျန်ရှိနေသော ကျောင်းစာအုပ်အနည်းငယ်၊ ဗဟုသုတ စာပေနှင့်အခြားဘာသာရေးစာပေများ
တွေ့ရသည်။
"ငါ့အခန်းနဲ့အရမ်းကွာတာပဲ"
သွေးကကျွန်တော်ကို မျက်လုံးတစ်ချက်လှန်ကြည့်ပြီးဘာမှပြန်မပြောချေ။ ထို့နောက်ကျွန်တော်ကို အင်္ကျီ တစ်ထည်ထုတ်ပေးလာသည်။ အစိမ်းရင့်ရင့်စပို့ရှပ်တစ်ထည်-ဘယ်ဘက်ရင်ဘတ်နားမှာ "heart breaker"ဆိုတဲ့ စာတန်းလေးက ပုံစံတကျရှိနေသည်။ ထို့နောက်သွေးကကျတော့်ကိုကြည့်ကာ
"ဝတ်ကြည့် မင်းနဲ့အဆင်ပြေမယ်ထင်တယ်"
"အင်း"
ကျွန်တော်အင်္ကျီကိုလှမ်းယူလိုက်သည်။ ထို့နောက်ဝတ်ထားသောအပြာရောင်လက်ရှည်ကိုချွတ်ကာထို အင်္ကျီကိုဝတ်ကြည့်လိုက်သည်။
"ဝိုး...မာန် မင်းနဲ့လိုက်တယ်ဟ"
ကျွန်တော့်ကိုကြည့်ကာလက်မလေးထောင်ပြပြီး
မျက်ဝန်းတွေမှေးမှိတ်သည်အထိပြုံးနေသူ။
"နီသွေး ဒီ အင်္ကျီ လေးငါယူလိုက်တော့မယ်"
"သဘောကျလို့လား"
"အင်း"
*မင်းနဲ့ပတ်သတ်တဲ့ဘယ်အရာမဆိုပိုင်ဆိုင်ချင်ပါကြောင်းကိုတော့ငါပြောမပြတော့ပါဘူး ဒီအခြေနေလေးကလည်းအဆင်ပြေပါတယ် ဘာမှန်းမသိတဲ့အနာဂတ်ကိုတွေးမပူချင်သေးဘူးသွေးရာ...ဒီတိုင်းလေးပဲ ဘယ်သူမှမပိုင်ဆိုင်နိုင်တဲ့မြတ်နိုးစရာလေးအဖြစ်ဆက်ရှိနေပေးပါကိုကို*
အတွေးလွန်နေသောကျွန်တော့်ကိုဆွဲခေါ်သွားသောသွေး...
"နီသွေး ဘယ်ကို 😐ဟမ် မီးဖိုချောင်လား"
"ဟား....ဟား မင်းပဲဝိုင်းကူမယ်ဆို"
"တစ်ခြားနေရာမှာကူမယ်လေကွာ နော်😣"
"မရဘူး မီးဖိုချောင်မှာပဲကူပေး"
လူကိုသတ်သတ်မဲ့ညစ်နေမှန်းသိသော်လည်းငြင်းဆန်ခြင်းမပြုနိုင်...သွေးမှာ ကျွန်တော်၏မျက်နှာမဲ့မဲ့ကိုကြည့်ကာရယ်မောနေလေသည်။ *ရပါတယ် ကိုကိုပျော်ရင်ပြီးတာပါပဲ အိမ်ကိုတော့ဖုန်းကြိုဆက်ထားမှဖြစ်မည်...မေမေပန်းကန်ဖိုးတွေလာလျော်ပေးပါလို့*
ယခုလောလောဆယ်မှာတော့  ငါဟဲ့ဆိုပြီးကြုံးဝါးရင်း ချစ်သူခေါ်ဆောင်ရာစစ်ပွဲတလင်းပြင်ဆီသို့သာ......။

Note "ယူတို့ရဲ့ မာန်လေးက မီးဖိုချောင်နဲ့မတည့်ပါဘူးနော်
မီးဖိုချောင်ဝင်တယ်ဆိုတာသူ့အတွက်စစ်တိုက်နေရသလိုပါပဲတဲ့😂








Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)Where stories live. Discover now