နီသွေး မာန် ဆေးရုံတတ်နေရတယ်ဆို..ဘာဖြစ်တာလဲဟင်"
မျက်လုံးဝိုင်းဝိုင်းလေးများဖြင့်မေးလာသူက ထားထားဝေ...နီသွေးလည်း
"ဘာမှမဖြစ်ပါဘူးဟာ ခြေမျက်ရိုးအက်သွားတာတဲ့ "
"ဪ "
ဘာကြောင့်မေးတာလဲ မသိချင်ပါ အင်းလေ မာန်လိုကောင်လေးကိုစိတ်ဝင်စားတာမဆန်းပါဘူး စိတ်မဝင်စားတာကမှဆန်းနေမှာ...
မာန့်ကိုပြောပြရဦးမည်။ထားထားဝေက
သူ့အကြောင်းမေးတယ်ဆိုတာကို...
++++++++နင့်မျက်လုံးတွေထဲက အရိပ်တွေ ငါမဖတ်တတ်ဘူးနီသွေး.. ဒါပေမယ့် အဲ့ဒါကမာန့်ကြောင်ဖြစ်လာတာဆိုတာတော့ငါသိတယ် နင့်တို့သူငယ်ချင်းနှစ်ယောက်ကိုငါအားကျလိုက်တာ...ထားထားဝေဆိုတဲ့ငါကနင်တို့နဲ့သူငယ်ချင်းအရမ်းဖြစ်ချင်တာ..,ဒီစကားတွေကိုတော့ထား
စိတ်ထဲမှာသာပြောဖြစ်ခဲ့ပါသည်...
သေချာသလောက်ရှိတာကတော့ နင်တို့အနာဂါတ်တွေရှုပ်ထွေးဦးမှာ...နာကျင်ကြရဦးမှာလားဟာ.....ထားထားဝေဆိုတဲ့သူမကငယ်စဉ်ကတည်းက
လူတချို့ရဲ့ကံတရာကိုကြိုမြင်နိုင်ခဲ့သူ...ထူးခြားလှတဲ့သူတို့နှစ်ဦးကြားက ကံတရားကိုမြင်မိတော့ထားစိတ်မကောင်း
ချစ်ခြင်းကြောင့် နာကျင်ရဦးမယ့်နှလုံးသားတွေ
ထား ပြောင်းလဲနိုင်ပမလား..+++++++++++
ရက်သတပတ်အတော်ကြာတော့မာန်လည်းဆေးရုံမှဆင်းခဲ့ပြီ..စာမေးပွဲ လည်းပြီးခဲ့ပြီလေ...
နောင်နှစ်အတန်းအတွက်ကြိုတင်ပြင်ဆင်ရဦး
မည်...."မာန်ရေ မာန်"
"ဘာလဲကွာ ငါရှိတယ် လာ အိမ်ထဲဝင်ခဲ့"
နီသွေးတစ်ယောက်ကျောင်းပိတ်ရက်သကြင်္န်အစီစဉ်အတွက်မာန့်ဆီရောက်လာခြင်းဖြစ်သည်။"သကြင်္န် မန္တလေးကိုသွားလည်ရအောင်နီသွေး"
နှစ်ယောက်သားအိမ်ရှေ့ရှိထိုင်ခုံထိုင်ခုံတွင်ထိုင်ရင်းမာန်ပြောတော့ နီသွေးစဉ်းစားလိုက်သည်"ငါအိမ်ကိုပြောဦးမယ် မာန်"
"ရတယ် ပြောလေ "
"နီသွေး "
"ဟမ်"
"မင်းဆယ်တန်းအောင်သွားရင်ဘာလုပ်မယ်စိတ်ကူးထားလဲ"
မာန်ကကျွန်တော့်ဘက်ကိုကြည့်၍အသေအချာမေးလေသည်။
"ငါကျောင်းဆရာဖြစ်ချင်တာ "
"ဪ ငါကစက်မှုအင်ဂျင်နီယာ"
နီသွေးတကယ် ဆရာတစ်ယောက်ဖြစ်ချင်ပါသည်။ဒါကနီသွေးရဲ့တကယ့် ဝါသနာ..ဖြစ်အောင်ကြိုးစားဖို့လည်းဆုံးဖြတ်ထားသည်။
"နေပါဦး မာန်ဘာဖြစ်လို့ဒါတွေမေးနေရတာလဲ"
"အမ် ငါလား ဒီလိုပဲသိချင်လာလို့"
မာန့်ဝါသနာကိုနီသွေးကသိပေမယ့် နီသွေးရဲ့
ဝါသနာကိုမာန်မသိပါ ဒါဟာမာန့်ရဲ့ညံ့ဖျင်းမှု
ခုကစပြီးနီသွေးအကြောင်းပိုသိအောင်ကြိုးစားရမည်..ကိုယ့်သူငယ်ချင်းအကြောင်းအကုန်သိသင့်တယ်မလား,..,
YOU ARE READING
Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)
Ficção GeralType -General Fiction, Bl, Drama