Part-14(U)

53 4 2
                                    

မာန်တစ်ယောက် အဝတ်အိတ်ကိုဆွဲကာ
မန္တလေးသို့ထွက်လာသည်။ လက်ထဲတွင် ငွေ
(၂)သောင်းသာပါလာသည်မို့ ဘာလုပ်ရမှန်းပင်မသိ။ ကားခရှင်းပြီးသော်
ငွေအနည်းငယ်သာကျန်တော့၏ ။ နေညိုပြီမို့ အခငွေအနည်းငယ်သာပေးရသော ကျောတစ်ခင်းစာကိုရှာရန်ကြိုးစားရလေတော့သည်။ 

ဤသို့ရှာရင်းဖြင့် လူရမ်းကားများ
စုဝေးရာ ရပ်ကွက်ခပ်ချာချာတစ်ခုသို့
ရောက်သွားလေ၏။ အိတ်ကိုဆွဲကာ
လမ်းလျှောက်ခဲ့ရသည့်အတွက် လူမှာနုံးချိနေပြီ
ဖြစ်သည်။  အုတ်နံရံတစ်ခုကို မှီကာထိုင်ချရင်း
နားလိုက်စဉ်တွင် လူများရန်ဖြစ်နေသော အသံကိုကြားလိုက်ရ၏။

"အဟက် မင်းတို့ငါ့ကိုအထင်သေးလွန်းတာပဲ"

*ဒီအသံငါကြားဖူးသလိုပဲ ....*

မာန် ရန်ပွဲရှိရာသို့ လှမ်းကြည့်ခိုက် ရင်းနှီးနေသော လူတစ်ဦးကိုမြင်လိုက်ရ၏။

*Alex...!*

အများနှင့်တစ်ယောက်မို့ Alex အတော်လေး
အခက်တွေ့နေဟန်တူသည်။ မာန် ထိုင်ရာမှ
အမြန်ထကာ ရန်ပွဲဆီသို့ဦးတည်လိုက်၏။

"သောက်ရှက်မဲ့လိုက်ကြတာကွာ "

ထိုလူများမှာ မာန့်အသံလာရာသို့လှည့်ကာ

"မင်းက ဘာကောင်လဲ "

မာန် ထိုလူများကိုအရေးမလုပ်ဘဲ Alexဆီသို့
သွားကာ

"ခင်ဗျားဘေးမှာ ခွေးကိုက်တတ်တွေ ဝိုင်းနေပါလား ဦးခေတ်ရ"

"အလစ်ချောင်းနေတတ်တဲ့ ခွေးအတွေပေါ့မာန်
ရာ ဟား...ဟား"

ထိုလူစုမှာ ကျွန်တော်တို့စကားများကြောင့် ဒေါသကြီးစွာ တိုက်ခိုက်တော့၏။
နှစ်ယောက်နှင့် အများဆိုသော်လည်းဦးခေတ်
သည်တိုက်ခိုက်ရေး ကျွမ်းကျင်သောသူပင်
ဖြစ်သည်။ ထိုစဉ်

"ဟေ့ Tulipသတိထား ..."

ဦးခေတ်၏ အော်သံအဆုံး ကျွန်တော့် နံစောင်းမှာ ပူခနဲတစ်ချက်ခံစားလိုက်ရ၏။
^ဓားထိုးမိပြီ^ ဟူသော အော်သံများကြောင့်
နံစောင်းကိုလက်ဖြင့်စမ်းတော့ ပူနွေးသော သွေးတချို့။

"ကျူးလစ် ......"
ကျွန်တော့်ကိုခေါ်လိုက်သည့် အသံကို ကြားပြီးနောက် အမှောင်ထုကိုသာ မျက်နှာခြင်း
ဆိုင်မိလိုက်လေတော့သည်။
(Author-ကံဆိုးလိုက်တဲ့ကလေး အိမ်ကနှင်ချပြီး ဓားထိုးခံရရော)

Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)Where stories live. Discover now