တစ်ခုသော နံနက်ခင်းတွင်
"ဟဲလို လဲ့ ..."
"အေး သူငယ်ချင်း ငါ နင်နဲ့တိုင်ပင်စရာရှိလို့"
"ပြောလေ..."
"နင့်သား နီသွေး ဆေးလိုင်းမှီတယ်ဆို.. ငါ့ကို သမီး မြတ် ပြောပြတာ အဲ့ဒါ...."
"ဟုတ်တယ် လဲ့ရဲ့ သားကို ဆရာဝန်ဖြစ်စေချင်ပေမယ် မဖြစ်နိုင်လောက်ဘူး ထင်ပါတယ်ဟယ်"
"လဲ့ လည်း အဲ့ဒါပြောတာ ဖြစ်နိုင်ရင် လဲ့တို့
သားပညာရေးကို တာဝန်ယူချင်တယ်""ဒါက..."
"မငြင်းပါနဲ့ သူငယ်ချင်းရယ် တို့တစ်တွေ နောင်လည်းဆွေမျိုးတော်ရမှာပဲဟာ.."
နီသွေး၏မိခင်မှာ ဒေါ်လဲ့လဲသွင်၏ စကားများ
ကြောင့် စကားပင်ဆက်မပြောနိုင်တော့ချေ။"လဲ့ ပြောချင်တာက သားနဲ့ လဲ့သမီးလေးနဲ့က...."
"ဟုတ်တယ် သူတို့ချင်း မေတ္တာမျှနေကြပြီတဲ့
သမီးလေးက လဲ့ကိုအောင်စာရင်းထွက်တဲ့နေ့ကပဲ
ပြောပြတယ် လဲ့ချင်ချင်းဖုန်းဆက်ပြီးပြောပြချင်တာ
လဲ့တို့ အရင်ကအရမ်းတိုက်တွန်းရမယ် ထင်နေခဲ့တာနော် အခုတော့ အားလုံးအဆင်ပြေ
သွားပြီပေါ့""ဝမ်းသာစရာပေါ့လဲ့ရယ် သားကစကားသိပ်နည်းတာ ဒီကိစ္စတွေကိုဘာမှ မသိခဲ့ရဘူး"
"ပညာရေး ကိစ္စကတော့ ငါ သားနဲ့တိုင်ပင်ချင်သေးတယ်"
ဒေါ်မြခြယ် လက်လွှတ်စပယ်မဆုံးဖြတ်လိုပါ။ သို့သော် ဒေါ်လဲ့လဲ့သွင်က
"လဲ့ သိသလောက် သား သွေးက မာနသိပ်ကြီးတာ ဒီလိုထောက်ပံ့မှာမှန်းသိရင်
သူလက်ခံမယ်မထင်ဘူး""အဲ့ဒါကြောင့်ပဲ ပိုပြီးတိုင်ပင်ချင်တာပါပဲ လဲ့ရယ်"
"လဲ့သဘောကတော့ သူပညာသင်ပြီးမှဘဲ အသိပေးကြမယ်လေ အခုလောလောဆယ်
စေတနာရှင်တစ်ဦးက ထောက်ပံ့ပေးတာလို့ပဲ
ပြောထားကြရအောင် သူလက်ခံအောင် ပြောကြည့်ပါလား မြရယ်""အင်းပါ"
ဒေါ်မြခြယ် ဖုန်းချလိုက်ကာ အတွေးများစွာ
ဖြင့်ခေါင်းခြောက်နေပါတော့သည်။
YOU ARE READING
Carmine Love (နှလုံးသား၏ထောင့်စွန်းတွင် နက်ရှိုင်းစွာ တည်ရှိသော)
General FictionType -General Fiction, Bl, Drama