ဒီနေ့ညလည်း သူလေးက ကျွန်တော့်အိမ်မက်ထဲမှာ
ကျွန်တော်နဲ့အတူ ရှိနေခဲ့တယ် ။ကလေးငယ်လေးလို အဲ့ဒီအပြုံးလေးနဲ့ ကိုယ့်ကိုမြင်တာ
နဲ့ ပြုံးပြနေတော့တာပဲ ။___________________________________
____________________________________
|| Can I Be Your Boyfriend ||
CHANBAEK
ပထမဆုံးအချက် - ကိုယ့်ကိုမှတ်မိသွားအောင်လုပ်ယူရ
မည် ။ဒုတိယအချက် - သူ့ဖုန်းနံပါတ်ကို ရယူရမည် ။
ဒီနေ့တနေ့ထဲနဲ့ဒီနှစ်ချက်စလုံးကို ရယူနိုင်ရမည်လို့ သူ
ယုံကြည်ချက်ထားရှိပြီးသား ။ ဒါက သူ့အတွက် လွယ်
လွယ်ကူကူလုပ်ယူနိုင်တဲ့အချက်တွေပဲလေ ။ခက်ခဲလွန်း
တဲ့ ကိစ္စရပ်တွေမှမဟုတ်တာ ။ သူကဘယ်သူမို့လို့လဲ ?
ဒီအကြောတင်းက စိတ်ဝင်စားဖို့တော့ကောင်းသား ။
အသစ်အဆန်းတခုအနေနဲ့ပေါ့ စမ်းကြည့်သင့်တာပေါ့။မလှမ်းမကမ်းက ကားမှတ်တိုင်မှာ ဘတ်စ်ကားထိုင်
စောင့်နေတဲ့ ဘတ်ဟျွန်း (ခေါ်) အကြောတင်းလေးကို
ချန်းယောလ်ကားထဲကနေ စောင့်ကြည့်နေလိုက်တယ် ။
သိပ်တော့မကြာ ဘတ်စ်ကားရောက်လာတာနဲ့ ပြေး
တက်သွားတဲ့အကြောတင်းလေးကြောင့် ချန်းယောလ်
ရယ်လိုက်ရင်း ဘတ်စ်ကားနောက်ကနေ ဖြေးဖြေးမှန်
မှန်ကားကိုမောင်းရင်း ကပ်လိုက်သွားလိုက်တယ် ။ဘတ်စ်ကားနောက်ကိုလိုက်နေရင်း နောက်၁၅မိနစ်
လောက်အကြာမှာ ဖုန်းထဲဝင်လာတဲ့ Message
တစောင့် ကြောင့် ချန်းယောလ် ဖြတ်ခနဲပြုံးလိုက်တဲ့ အ
ပြုံးတစ်ခု ။✉ ခိုင်းထားတဲ့အတိုင်းလုပ်ပေးပြီးပြီမို့ ငွေကိုရှင်းပေးရ
ပါ့မယ်နော် ✉ဟဟား ! ခိုင်းထားတဲ့လူက ကောင်းကောင်းမွန်မွန်
လုပ်နိုင်သားပဲ ။ အကြောတင်းလေးရဲ့ ပိုက်ဆံအိတ်ကို
ဓာက်ပုံရိုက်ပြီးတောင်ပို့ထားပေးသေးတယ် ။ မဆိုးလှပါ
ဘူး ။ ကဲ ! ဘတ်စ်ကားရပ်လိုက်တာနဲ့ ဆင်းလာတဲ့
အကြောတင်းလေးနောက်ကိုကားကိုတဖြေးဖြေးမောင်း
ရင်း နောက်ယောင်ခံလိုက်ရသေးသည် ။ စာအုပ်ဆိုင်
တစ်ဆိုင်ထဲဝင်သွားတဲ့ အကြောတင်းလေးကြောင့် သူ
လဲကားပေါ်ကဆင်းပြီး စာအုပ်ဆိုင်ထဲလိုက်ဝင်သွား
လိုက်တော့သည် ။