ဂျုံအင် တယောက် အောက်ထပ်က TV ရှေ့ ဆိုဖာပေါ်
မှာ အားကြိုးမာန်တက် ဂိမ်းဆော့နေတယ် ။ ဂျုံအင်ရဲ့
ဘေးမှာ ဂျုံအင်မေမေကလဲ စားပွဲပေါ်က ဂျုံအင် ရှုပ်
ထားတဲ့ မုန့်ထုပ်အခွံတွေကို စိတ်ရှည်လက်ရှည် ထိုင်
သိမ်းနေတယ် ။ ဒီသားငယ်ကို ဆူတောင်မဆူနိုင်တော့၊
ဆူလဲ ပြောစကားမှ နားမထောင်တာလေ ။ပြောတဲ့လူ
က မောတာပဲ အဖတ်တင်မယ် ။ဂျုံအင်တို့က အေးဆေး
ပါပဲ ။" သားငယ် မင်းအကို နဲ့ ဟိုကလေးက တွဲနေကြပြီ
လား "အားကြိုးမာန်တက်ဂိမ်းဆော့နေတဲ့ ဂျုံအင်မှာ လက်ထဲ
က ဖုန်းတောင် လွတ်ကျမတတ် ။ သူ မျက်လုံးတွေအ
ပြူးသားနဲ့ သူ့မေမေကိုသူမော့ကြည့်လိုက်တယ်။မေမေ
ကတော့ အေးဆေးပဲ ။ စားပွဲပေါ်က မုန့်ထုပ်တွေကို စု
သိမ်းနေပြီး အိတ်ခွံတခုထဲ ထိုးထည့်နေတယ် ။ိအိုးမိုင်ဂေါ့! အိမ်တွင်းအောင်းနေတဲ့ အိမ်ကအဒေါ်ကြီး
က သိလှချည်လား ။ ပေါ့သေးသေး အစွမ်းအစတော့မ
ဟုတ်ဘူး ။ အံ့သြလောက်ပါတယ် တကယ်ပါဗျာ ။ဂျုံအင်တယောက် စိတ်ထဲကနေ ကြိတ်ချီးကျူးလိုက်ပေ
မဲ့ တကယ်တမ်းကတော့ သူ ဟန်ဆောင်ပြီး မသိကျေး
ကျွန် ငြင်းပြလိုက်တယ် ။ ဒီကိစ္စက သူတို့ကိုယ်တိုင်ပဲ
ဖွင့်ပြောကြပါစေ ။ ငါ ဝင်မပါဘူး လုံးဝပဲ ။" မဟုတ်တာဗျာ ဒီအဒေါ်ကြီး ဘာတွေပြောနေတာလဲ"
”ဘုန်း” ဆို ကျောကော့သွားအောင် အထုခံလိုက်ရတဲ့.သူ့ကျောပြင်လေး ။ အား ငါက ဘာလို့ အထုခံလိုက်ရ
တာလဲ ။ ဘာလို့လဲ ဘာလို့လဲကွာ ။ ကျောပြင် ဗြောတင်
ခံလိုက်ရပြီ ။" အ့ မေမေက ဘာလဲဗျာ သားက ဘာလို့လဲ "
" အမလေး ဒီကောင်လေး ငါ့ကို လိမ်လို့ရမယ်မှတ်နေ
လား ငါက နင်တို့ကိုမွေးထားတဲ့ အမေပါနော် တချက်
ကြည့်တာနဲ့ အကုန်သိတယ် ကောင်စုတ်လေးရဲ့ "ဂျုံအင် မျက်နှာမဲ့လိုက်ရင်း လက်ထဲကဖုန်းကို စားပွဲပေါ်
တင်လိုက်ပြီး ကျန်သေးတဲ့မုန့်ထုပ်ကို လက်နှိုက်လိုက်
သေးတယ် ။ မနက်ထဲက ရေမချိုးဘဲ ပေစုတ်စုတ်နဲ့
ဂိမ်းဆော့ ၊ မုန့်ထိုင်စားနေတဲ့ သူ့ပုံစံက တစက်ကလေး
မှ သားသားနားနားမရှိ ။အဖေကတော့ ပြောသွားတယ်။
မင်းက လမ်းဘေးသူတောင်းစားတဲ့လား တဲ့ ။
