ဒီနေ့ညလည်း သူလေးက ကျွန်တော့်အိမ်မက်ထဲမှာ
ကျွန်တော်နဲ့အတူ ရှိနေခဲ့တယ် ။ကလေးငယ်လေးလို အဲ့ဒီအပြုံးလေးနဲ့ ကိုယ့်ကိုမြင်တာ
နဲ့ ပြုံးပြနေတော့တာပဲ ။____________________________________
|| Can I Be Your Boyfriend ||
|| ONE ||
ဘောလုံး ကစားနေကြတဲ့ လူငယ်တွေ ။ အပျော်သက်
သက်ကစားနေကြလေ့ရှိတာမို့ ရယ်မောအော်ဟစ်ဆူ
ညံသံတွေအပြည့်နှင့် ။ ဒီကစားကွင်းမှာချိန်းပြီး ကစား
နေကြလေ့ရှိကြသည်က တပါတ်မှာတခါ ။ အချိန်အခါ
က ညနေငါးနာရီခန့် ရှိနေခဲ့သည် ။" ချန်းယောလ် ဒီဘက်မှာ ဒီဘက်မှာ "
ဂိုးထဲကန်သွင်းဖို့အခြေအနေမဟန်သေးတာကြောင်
နဘေးက သူငယ်ချင်းဆီ ဘောလုံးကို ကန်ကာ ပေး
ထားလိုက်ပြီး ဂိုးပေါက်ရှေ့နားထိ အပြေးတပိုင်းနှင့်
နေရာယူထားလိုက်တယ် ။ ကျောပြင်မှာ ချွေးတွေရွဲ
နေတဲ့အထိ သူ အားကြိုးမာန်တက်ကစားနေခဲ့တာ ။
နိုင်ရမှကျေနပ်မည့်သူစိတ်ဆန္ဒကြောင့် ။ အကောင်း
ဆုံးကစားပြီး အနိုင်နှင့်သာ ကျေနပ်လို၏ ။" ဂွမ်းယောင်း ဂွမ်းယောင် "
သူအသံပေးလိုက်တာနဲ့ ဘောလုံးကိုခြေမှာဆွဲပြေးလာ
တဲ့ ဂွမ်းယောင်က သူ့ဆီ ဘောလုံးကိုလွှဲပြောင်းပေး
လိုက်တာနဲ့ မြန်ဆန်တဲ့ကန်ချက်နဲ့အနိုင်ဂိုးကို ကန်သွင်း
လိုက်တော့သည် ။" ဝိုး !! ပတ်ချန်းယောလ် "
သူငယ်ချင်းတွေက တဝိုးဝိုးနဲ့လက်ဝါးချင်းလာရိုက်ကြပြီး
ပျော်ပျော်ပါးပါးကြီး လက်နှစ်ဖက်မြှောက်ကာ အောင်ပွဲ
ခံပစ်လိုက်သည် ။ လှလိုက်တဲ့ ကန်သွင်းချက်ပဲ မ
ဟုတ်ဘူးလား ။ ဆက်ကစားကြပြီး ဆက်ပြီးဆူညံ
အော်ဟစ်နေကြပြန်၏ ။ ရယ်မောသံတွေနဲ့အတူ ကန်
သွင်းလိုက်တဲ့ လှလှပပဂိုးဝင်သွားတဲ့ ဘောလုံး ။