Twenty - Six

2.8K 376 3
                                    


ဒီနေ့ အတန်းထဲမှာ ဆူညံဆူညံ နဲ့ အုံ့အုံ့ကျက်ကျက် လူ
အစုအဝေးက မျက်စိနောက်စရာကောင်းပေမဲ့ ပျော်စရာ
တော့ဖြစ်နေတယ် ။ အတန်းထဲက ဂီဂျွန်းရဲ့မွေးနေ့က 
ဒီညဖြစ်နေတော့ တတန်းလုံးက ကျောင်းသား/သူ တွေ
အတွက် ပျော်စရာသတင်းကောင်း ။ ဒီကောင်ကသူ့မွေး
နေ့ကို အမြဲတမ်း ကြီးကြီးကျယ်ကျယ်ပါတီပေးပြီး အ
တန်းထဲက လူအကုန် ဖိတ်တယ် ။ ညနက်တဲ့အထိပါတီ
မှာ သောက်ကြ၊စားကြ ကဲကြတယ် ။ချန်းယောလ်အနေ
နဲ့ကတော့  ဒီကောင့်ကိုမွေးနေ့တိုင်း  သွားကဲတယ် ။
နောက်တနေ့ရောက်တိုင်း ပါတီကတွေ့ခဲ့တဲ့မိန်းကလေး
တယောက်လောက်နဲ့တော့ တွဲပြီးသားပဲ  ။

ဒီကောင်ဂီဂျွန်းဆိုရင်  အမြဲတမ်း စတတ်လေ့ရှိတယ် ။
သူ့မွေးနေ့လား  မင်းရည်းစား ရွေးချယ်တဲ့ နေ့လားတဲ့။

အင်း ! ဒီနှစ်ကတော့ ခက်ခဲနေပြီ ။ မင်းတို့ အတွေးတွေ
ကို ရပ်ပစ်လိုက် ။ ငါဆိုလိုတာက နောက်တယောက်
ထပ်ထားဖို့မဟုတ်ဘူး ။ ဒီပါတီကို သွားချင်ရုံလေးပဲ ။ငါ့
အသည်းလေးကို ဒီတသက်လုံး ချစ်လို့တောင် မဝနိုင်
တာကို ငါက နောက်တယောက် ထပ်ထားရအောင် ငါ
က ရူးနေတာမှ မဟုတ်တာ မင်းတို့သိရဲ့လား ။

"ယောက်ဖ ငါတို့ကောသွားကြမလား ဒီနှစ်တော့ ငါ
သွားချင်တယ်   မနှစ်က ငါ့အကိုကြောင့်မသွားရဘူး  "

ဂျုံအင်က သူ့စာရေးခုံပေါ် လာထိုင်ပြီး မျက်ခုံးပင့်ပြ
တယ် ။ အသာအယာပဲ ခေါင်းခါပြလိုက်တယ် ။မဖြစ်နိုင်
တာ ဒီကိစ္စကို အသည်းက သဘောတူမှာမဟုတ်ဘူး ။
ငါ့နားရွက်တွေ ပြတ်ထွက်အောင် သူဆွဲပစ်လိမ့်မယ်။အ
ရင်တခါက ဗိုက်ခေါက်လိမ်ဆွဲခဲ့တာ နောက်တခါဆို ဒီ.နားရွက်တွေအလှည့်ပဲလို့ အသည်းက ကြိမ်းထားတယ်။
အရင်တခါက ဒူးထောက်တောင်းပန်ခဲ့ပြီးပြီ ။ ဒီတခါဆို
ဝမ်းလျှားမှောက်ရတော့မယ်ဆိုတာ ငါအတပ်သိနေ
တယ်  ။ မင်းမသိလို့နော်  ဂျုံအင် ၊ မင်းအကိုက စိတ်
ကောက်တဲ့နေရာမှာ  ဆရာကြီးပဲ  ။

ဘယ်သူပြောလဲ အသည်းက စိတ်မကောက်တတ်ဘူး
ဆိုတာ   ။ မောင်ဖြင့်  မယုံတော့ပါဘူး ။

" လုပ်စမ်းပါ  ဟေ့ကောင်ရဲ့ ဒါ တနှစ်မှ တခါကဲရတာ
နော် ၊ ဘာလဲ ငါ့အကိုကို ကြောက်နေတာလား  ငါတော့
မယုံနိုင်ဘူး  မင်း ဒီလောက်ထိ ကြောက်နေပြီလား "

Can I Be Your Boyfriend? Where stories live. Discover now