ဂျုံအင်တယောက် မြှောက်ကြွမြှောက်ကြွ နဲ့ ဂိမ်းဆိုင်ထဲ
ဝင်သွားတယ် ။ ဒီနေ့ ပိတ်ရက်ဖြစ်နေတော့ သူ ပျော်
ပျော်ကြီး ဂိမ်းဆိုင်ထဲ ဦးတည်နေတယ် ။ အိမ်ကိုတော့
ချန်းယောလ်ဆီသွားပြီး စာလုပ်မယ်လို့ ညာပြီး ထွက်
လာခဲ့တယ် ။ အိမ်မှာ အကိုကလဲမရှိတာမို့ သူ လိမ်ဖို့
အခြေအနေကောင်းလေးရနေတယ် ။လာစမ်း! ပျော်ပျော်ကြီး ဂိမ်းနှိပ်ရအောင် ။
ဂိမ်းဆော့နေတုန်း သူ ဗိုက်ဆာလာတာမို့ အပြင်ခဏ
ထွက်ပြီး မုန့်ဝယ်ဖို့ သူ ထွက်လာခဲ့လိုက်တယ် ။ စားချင်
တာတွေဝယ် ၊ မုန့်ထုပ်ကိုဆွဲပြီး သူ တပျော်တပါးကြီး
ဂိမ်းဆိုင်ဘက် အပြေးတပိုင်းနဲ့ ပြန်ရောက်လာတယ် ။
သူ ဆိုင်ထဲဝင်ဖို့ ခြေလှမ်းတဖက်ပဲ လှမ်းရရုံရှိသေး
တယ် ။ သူ့နားရွက်တဖက်ကို ပြတ်ထွက်မတတ် လိမ်
ဆွဲခံလိုက်ရတဲ့ ခံစားချက် ။" အ့ အ့ ဘယ်သူ အ့ အမေ အမေကဘယ်လို"
" ကောင်စုတ်လေး နင်မို့ငါ့ကိုလိမ်ရဲတယ် "
အိုးမိုင်ဂေါ့! မျက်လုံးတွေတောင်ပြူးတယ် ။ မေမေက
ဘယ်လိုလုပ်ပြီး ဒီနေရာထိ ရောက်ချလာတာလဲ ။ အံ့
သြတယ် ။ဒီလောက်ထိ အကုန်သိနေရလား ။" အ့ နား နားရွက်ပြတ်ပြီ ဖြေးဖြေး ..."
" အိမ်ရောက်မှ နင့်အဖေနဲ့ နင့်ကိုတွေ့ခိုင်းမယ် "
နောက်ဆုံးတော့ ဂျုံအင်လေးတယောက် နားရွက်တစ်
ဖက်ပြတ်ပါသွားတော့မတတ် အဆွဲခံရပြီး အိမ်အထိပါ
သွားရတော့သည် ။ လက်ထဲမှာတော့ မုန့်ထုပ်ကို မရမ
က ဆွဲလာသေးတယ် ။ ဒီမေမေတယောက်နဲ့တော့ သူ
ဘယ်ကိုမှလွတ်လမ်းမရှိတော့ဘူးထင်တယ် ။ဒီလောက်
ထိ အကုန်သိနေရလား ။မွေးမိခင်တွေကတော့ သြချ
လောက်ပါတယ်။သူ အိမ်ရောက်တော့ ကျောကော့သွားအောင် ထပ်အ
ရိုက်ခံရပြန်တယ် ။" အ့ ကျော ကျောကွဲသွားပြီလားမသိဘူး "
" နင် စာလုပ်စမ်း ငါကိုယ်တိုင် ထိုင်ကြည့်နေမယ် ၊ ဒီ
နေ့တော့ နင့်ကိုအလွတ်မပေးတော့ဘူး "မေမေက အကြီးအကျယ် ကြိမ်းမောင်းတော့တာပဲ ။ အ
ခန်းထဲက လွယ်အိတ်ကို တရွတ်တိုက်သွားယူချလာပြီး
စားပွဲပေါ်ပစ်ချလိုက်တယ် ။ ဆိုဖာပေါ်မှာ မျက်နှာငယ်
လေးနဲ့ ထိုင်နေတဲ့သူ့ကို အကြည့်စိမ်းစိမ်းကြီးနဲ့ထပ်
ကြည့်လာသေးတယ် ။