Twenty - Two

2.8K 397 3
                                    


ဒီကနေ့ ကျောင်းဘောလုံးပြိုင်ပွဲက ရန်ပွဲမဖြစ်ရုံတမယ်။
ချန်းယောလ်တို့နဲ့ ကန်ရတဲ့အသင်းက စာသင်နှစ်တူတူ
ကကောင်တွေဖြစ်နေပြီး တခြားအခန်းက ကျောင်းသား
တွေပင် ။ အသက်အရွယ်တူ အရပ်အမောင်း တူတူ
တွေဖြစ်ပြီး ဘောလုံးကန်စွမ်းရည်ကလဲ ညီတူညီမျှ ။
တဖက်အသင်းက ကောင်က ဂျုံအင် နဲ့ မတော်တဆ
တိုက်မိပြီး လဲကျရာကနေ မထိုးကြိတ်ရုံတမယ် စကား
များကြသေးတယ် ။ ၁- ၀ နဲ့ ချန်းယောလ်တို့ အသင်း
က ပွဲပြီးခါနီး မိနစ်အနည်းငယ်အလိုမှာ ဂျုံအင် ဂိုးသွင်း
နိုင်ခဲ့တာကြောင့် ကပ်သီးလေး နိုင်ခဲ့ရသည် ။ ဒါပေမဲ့
နှစ်ဖက်အသင်း၏ ကစားသမားတွေ အခြေအနေက
တော့ နည်းနည်းတင်းတင်းမာမာ ။

ပွဲကြည့်ပရိသတ်တွေထဲမှာ ဘတ်ဟျွန်းရှိနေတာကြောင့်
ဂျုံအင် နဲ့ ချန်းယောလ်တို့ စိတ်ထိန်းကြပြီး အတတ်နိုင်
ဆုံး ပြေလည်အောင်သာ ညှိညှိနှိုင်းနှိုင်းလုပ်ကြရသည်၊

ဘောလုံးပွဲနိုင်တဲ့ အထိမ်းအမှတ်နဲ့ ဂျုံအင်က အိမ်မှာ
စားသောက်ကြမယ်လို့ တိုင်ပင်လာတော့ ယောက်ဖ
လောင်းက ထောက်ခံကာ နှစ်ယောက်သားအဝယ်တော်
ထွက်လာခဲ့ကြသည်။အချိန်ကညနေ ခြောက်နာရီကျော်
မို့ မိုးချုပ်စပြုနေပြီ ။ နှစ်ယောက်သား စကားတပြော
ပြောနဲ့ လမ်းလျှောက်နေတုန်း မနက်ကပွဲမှာ အခန့်မ
သင့် စကားများခဲ့တဲ့ ကောင်တွေအုပ်စုနဲ့ တည့်တည့်
သွားတိုးတယ် ။

" ချီး! သေစမ်း ဒီအချိန်မှ တည့်တည့်လာတိုးရလား"

အနီးအနားပဲမို့ ကားမယူဘဲ လမ်းလျှောက်လာမိတာ အ
မှားကြီး မှားပြီ ။ တဖက်က ကောင်တွေကလဲ တမင်ရန်
ရှာချင်လို့များ ဒီလမ်းထဲ လာစောင့်နေတာလိုလို။ကြည့်
စမ်းပါဦး! ဒီကောင်တွေရုပ်က ဇာတ်ကားထဲကလို
မင်းသားကို ရန်လာရှာတဲ့ လူမိုက်ရုပ်တွေနဲ့ ။

" အေးဆေးပေါ့! လေးယောက် နှစ်ယောက်ပဲကို "

ကြီးကြီးကျယ်ကျယ် ပြေးထိုးတော့မဲ့ဟန် ဂျုံအင်ကြောင့်
ချန်းယောလ်အထင်ကြီးဟန် ဂျုံအင်ကိုကြည့်လိုက်တယ်၊
ဒီကောင်က ရုပ်ရှင်ရိုက်နေတယ်များ ထင်နေသလား ။
ကြည့်လုပ်ပါဦး ယောက်ဖရေ! ဒါက ဇာတ်ကားရိုက်နေ
တာ မဟုတ်သလို ငါတို့ကလဲဇာတ်လမ်းထဲက မင်းသား
တွေ မဟုတ်ဘူးလေ ။ ဦးနှောက်လေး သုံးပြီး စဉ်းစား ၊
လေးယောက် နှစ်ယောက်က ဘယ်လိုမှမဖြစ်နိုင်ဘူး ။

Can I Be Your Boyfriend? Where stories live. Discover now