Six

2.9K 403 0
                                    

Can I Be Your Boyfriend?

CHANBAEK ❣

ဆော့ဂျွန်လေးကိုစာသင်တဲ့အချိန်မှာ အနှောင့်အယှက်
မဖြစ်နေတာကြောင့်စိတ်သက်သက်သာသာနဲ့ပေါ့ပေါ့ပါးပါးစာသင်ပေးဖြစ်သည်။ ဆော့ဂျွန်ရဲ့သီးသန့်စာဖတ်
ခန်းထဲမှာပဲဆရာတပည့်နှစ်ယောက်ထဲအေးအေးဆေး
ဆေးတိတ်တိတ်ဆိတ်ဆိတ်စာသင်ရတာအဆင်ပြေပြီးလွတ်လပ်သည်။စာကြိုးစားတဲ့ကလေးမို့ဘတ်ဟျွန်းအတွက်အဆင်မပြေတာမရှိသလို ၊ ပင်ပန်းခက်ခဲတာမျိုး လဲမရှိ ။ တကယ်ဆိုဒီလိုစာကြိုးပြီးတော်
တဲ့ဆော့ဂျွန်လိုကလေးမျိုးကအခုလိုမိဘအသိုင်းအဝိုင်
မျိုးနဲ့ဆိုကိုယ့်ထက်ပိုသာပိုတော်တတ်တဲ့ဆရာတွေကို
အိမ်ခေါ်သင်နိုင်ပါလျှက်နှင့် ။

ဆော့ဂျွန်ကပါးချိုင့်ပေါ်အောင်ပြုံးပြလိုက်လေတိုင်းလူက
ခပ်လန့် လန့်ဖြစ်သွားတတ်ကဆိုးလှသည် ။ ဘာလို့များ
လူတော်လူရည်မွန်ဆော့ဂျွန်လိုကလေးမျိုးကဒီကောင့်
အမျိုးလာတော်စပ်နေတဲ့အပြင် ရုပ်ကပါခပ်ဆင်ဆင်ဖြစ်
သေးသည်။ ဆော့ဂျွန်လေး ပတ်ချန်းယောလ်လို မပွေ
ရှုပ်ဖို့ပဲဆုတောင်းရမည် ။

ဆရာတပည့်နှစ်ယောက် စာသင်ပြီးစီးပြီး အခန်းထဲက
လာတော့ ဧည့်ခန်းမှာခြေချိတ်ကာမိန့်မိန့်ကြီးထိုင်နေတဲ့ ချန်းယောလ်က ကိုယ့်မြင်တာနဲ့ ချက်ချင်းကိုပြုံးပြလေ၏
ဒီကောင်ကို ပြန်သွားပြီလို့တောင်ထင်နေတာကို ။

" ပြန်တော့မှာလား ဆရာ မနားတော့ဘူးလား "

ဆော့ဂျွန်မေမေကခဏတဖြုတ်နားဖို့ပြောပေမဲ့ ချန်း
ယောလ်ရှိနေတာကြောင့် မထိုင်ချင် ။ ရိုင်းပျသလိုဖြစ်
သလားမသိပေမဲ့ ခေါင်းခါငြင်းဆန်မိသည် ။ အိမ်ကိုပဲ
ပြန်ဖို့ပဲစိတ်စောနေမိသည် ။

" ကိုယ်နဲ့အတူပြန်မယ်လေ ဘတ်ဟျွန်းနီးရဲ့ "

တဆိတ်လောက် ခင်ဗျ ၊ သူ ဘယ်လိုခေါ်ဝေါ်လိုက်တာ
ဘတ်ဟျွန်းနီ ဟုတ်စ။ ကျွန်တော့်ကိုသူက ဘတ်ဟျွန်းနီ
ခေါ်ဝေါ်လိုက်တာ။ဘုရားရေ!ဆော့ဂျွန် နဲ့ဆော့ဂျွန် အ
မေကတောင် ပြုံးစိစိနဲ့ တမျိုးတမြင်အထိထင်မြင်
ကုန်ကြပြီ ။ ဒါကို ဒီကောင်ပတ်ချန်းယောလ်က ရှိသမျှ
သွား တွေအကုန်ပေါ်တဲ့အထိ ပြုံးဖြီးပြနေတာကြီးက စိတ်တိုပြီးဆွဲထိုးပစ်ချင်စရာကောင်းတယ် ။

Can I Be Your Boyfriend? Where stories live. Discover now