တည့်လှပါချည်ရဲ့ဆိုသော နှစ်ယောက်သားက ဒီကနေ့
ကျောင်းဝန်းထဲဝင်လာပုံတွေက ကမ္ဘာရန်သူတော်တွေ
လို အကြည့်တွေနှင့် တယောက်နဲ့တယောက် ပြာကျ
မတတ်ကြည့်နေကြသည် ။ နှစ်ယောက်သားရဲ့ မကျေ
မချမ်းအကြည့်တွေကြောင့် ဘေးလူတွေတောင် ကျေ
ချမ်းနေကြသည် ။ ဘယ်အရာကများ ဒီနှစ်ယောက်ကို
ရန်သူတွေလို ပြုမှုဆက်ဆံသွားစေတာလဲ ။နှစ်ယောက်သား မကျေမနပ်အကြည့်တွေနဲ့ ဆရာတွေ
ရုံးခန်းရှေ့ကဖြတ်အသွား ရုံးခန်းအဝကနေ ထွက်လာ
ပြီး လှမ်းခေါ်တဲ့ သင်္ချာဆရာကြောင့် နှစ်ယောက်သား
တယောက်နဲ့တယောက် တွန်းထိုးပြီး ရုံးခန်းထဲ ဝင်သွား
ကြတော့၏ ။" ဒီစာအုပ်တွေ အတန်းထဲကူသယ်ပေးစမ်းကွာ အရင်
သယ်နှင့်သွား ဆရာနောက်ကနေလိုက်လာခဲ့မယ် "ဆရာ့စားပွဲပေါ်က အုပ်ရေ ငါးဆယ်လောက်ရှိတဲ့ စာ
အုပ်ပုံက နှစ်ယောက်သားကို လှလှပပကြီးဆီးကြိုစောင့်
နေလေသည် ။ သေသေသပ်သပ် စီရီထားတဲ့ စာအုပ်ပုံ
ရှည်ရှည်ကိုကြည့်ပြီး နှစ်ယောက်သား တယောက် မျက်
နှာ တယောက် အကဲခတ်ရင်း သူသယ် ကိုယ်သယ် အ
ပြိုင်အဆိုင် ကပ်သီးကပ်ဖဲ့ လုပ်ကြပေဦးမည် ။" မင်းသယ် ငါ လက်နာနေတယ် မသယ်နိုင်ဘူး "
ဂျုံအင်ကလက်ကိုပိုက်ကာ သူမသယ်နိုင်ကြောင်း ခေါင်း
ကိုမော့လို့ အခန့်သားမတ်တပ်ရပ်နေလိုက်တယ် ။ ဒီ
တော့လဲ ချန်းယောလ်ကပဲ အကြောတင်းမခံ ။ သူ့လို
တပြန် လက်ကိုပိုက်ကာ မျက်နှာကိုတဖက်လွှဲထား
လိုက်ပြန်တယ် ။" မင်းပဲသယ် ! ငါလဲ လက်နာနေလို့ မသယ်နိုင်ဘူး "
သူတို့နှစ်ယောက်ရှေ့ ငုတ်တုတ်ထိုင်နေတဲ့ ဆရာလူပျို
ကြီးက မျက်လုံးအပြူးသားကြီးနဲ့ မော့ကြည့်လာတယ်။
အလိုလေး! ဒီဆရာသခင်တို့ ပြသာနာရှာနေကြပြန်ပြီ။
လက်ကိုပိုက်လို့ ဆရာတို့က မကျေမချမ်းရုပ်တွေနဲ့ ဒီ
စာအုပ်ပုံလေးကိုတောင် မသယ်နိုင်ကြဘူးတဲ့လား ။
ဟေ့ကောင်တွေ! မင်းတို့ ယောက်ျားလေးတွေ မဟုတ်
ကြဘူးလား ။" မင်းပဲသယ် "
"မသယ်ဘူး ! မင်းသယ် "
စာအုပ်ပုံကြီးကို သူ့ဘက်တွန်းပို့ ကိုယ့်ဘက်တွန်းပို့ နဲ့
ယိုင်နဲ့လာတဲ့ စာအုပ်ပုံအခြေအနေက မလှမပ ဖြစ်
လာနေပြီ ။ တယောက်နဲ့ တယောက် ရုပ်တည်ကြီးတွေ
နဲ့ ကလေးတွေလို ငြင်းခုံနေတဲ့ နှစ်ယောက်ကြောင့် ဘေးမှာ ရှိနေတဲ့ ဆရာ |ဆရာမတွေကပါ ဝိုင်းကြည့်
လာကြတော့သည် ။ ဒီနှစ်ကောင်က ဆရာတွေရုံးခန်း
ထဲ အထိ ရန်လာဖြစ်နေကြသည်လေ ။