အသည်းလေးတို့အိမ်ရှေ့မှာ ဂျုံအင်နဲ့နှစ်ယောက်သား
မတ်တပ်ရပ်နေတုန်း ထိုးရပ်လာတဲ့ကားတစီးပေါ်က
လူတယောက်ဆင်းလာတာကြောင့် ချန်းယောလ် ဆံပင်
တွေကြားလက်ထည့် ထိုးဖွကာ ဘာလဲသဘောနှင့် ထို
လူအားမေးဆတ်ပြလိုက်လေ၏ ။ ထိုလူကချန်းယောလ်
က ခေါင်းငုံ့အရိုအသေပေးပြီးကာမှ လာရင်းအကြောင်း
ကို ပြောပြလာသည် ။" အဖွားကအခေါ်လွှတ်လိုက်လို့ပါ အကိုလေး အခုရက်
ပိုင်း အဖွားက နေသိပ်မကောင်းဖြစ်နေပါတယ် ""အခုလား အခုလာခေါ်တာမလား ဂျုံအင် ငါသွားလိုက်
ဦးမယ် ဟေ့ကောင် ပြန်လာခဲ့မယ် "အဖွားကိုချစ်တဲ့ပတ်ချန်းယောလ်ပဲမို့ ချက်ချင်းကားပေါ်
ကိုပါသွားတော့သည် ။ ဂျုံအင် သိရသလောက်တော့
ချန်းယောလ်ဘဝမှာ အရေးပါသူ သူ့အဖွားတစ်ယောက်
သာရှိသည် ။အခုအခြေအနေအရတော့ နှစ်ယောက်လို့
ပြောလို့ရနိုင်လိမ့်မည်ထင် ။ အကို့ ကို ပတ်ချန်းယောလ်
တယောက် သူ့ဘဝထဲ အရေးပါတဲ့လူတယောက်အဖြစ်
ထည့်သွင်းနေပြီလား ။ငါ့အကိုကို တစ်ဘဝလုံးစာအတွက် တန်ဖိုးထားပေးရင်
သိပ်ကောင်းမှာပဲ ချန်းယောလ် ။ခြံဝင်းကျယ်ကြီးထဲကားထိုးရပ်သွားနဲ့ ချန်းယောလ် ပြာ
ပြာသလဲ ပြေးဆင်းကာ အိမ်ထဲကို အပြေးတပိုင်းနဲ့ ပြေး
ဝင်သွားလိုက်သည် ။ ဧည့်ခန်းကျယ်ကြီးထဲမှာ ခြေချိတ်
ထိုင်နေတဲ့ အဖေဖြစ်သူကိုတောင် ဂရုမစိုက်နိုင်ဘဲ အ
ပေါ်ထပ်အခန်းက အဖွားဆီကိုသာ ဦးတည်နေလေ၏ ။" အဖွား ! "
"မြေး!ရောက်လာပြီလား "
အခန်းတံခါးကိုတွန်းဖွင့်ကာ ဝင်ဝင်ချင်းပဲကုတင်ပေါ်မှာ
ထိုင်နေပြီး ဆော့ဂျွန်နဲ့စကားပြောရယ်မောနေတဲ့ အဖွား
ကို သူတွေ့လိုက်တာကြောင့် အခြေအနေကို သဘော
ပေါက်သွားတော့သည် ။" အဖွားကတော့ ကျွန်တော့်ကို လိမ်ပြီးခေါ်ပြန်ပြီ "
အိမ်မကပ်တဲ့ ပတ်ချန်းယောလ်ကို အိမ်အမြန်ပြန်လာ
ဖို့ ခေါ်နည်းက တနည်းသာရှိသည်။အဖွား နေမကောင်း
ဘူးလို့သာ တခွန်းပြောလိုက် ခြေတံရှည်ကြီးနဲ့ အမြန်
ပြေးလာတွေ့ပေလိမ့်မည် ။ ငယ်ငယ်ကထဲက အဖွားနဲ့ပဲ
နေလာခဲ့တဲ့ ချန်းယောလ်က အဖေ့ကိုတောင် အဖွား
လောက် မချစ် ။