Twenty - Four

2.8K 389 3
                                    


အလုပ်အကိုင်မရှိတိုင်း အသည်းရဲ့အိမ်ကို တံခါးမရှိ ၊
ဓားမရှိ သူဝင်ထွက်သွားလာနေတာ အသည်းရဲ့မိဘ
တွေတောင် ရိပ်မိနေပြီလားမသိနိုင် ။ ဒါပေမဲ့လဲ သူက
တော့ ဆင်ဆင်ခြင်ခြင် နေတာမျိုးလုပ်ဖို့ စိတ်ကူးမရှိ
သေးဘူး ။ ကျောင်းမှာ တွေ့နေရတာကြောင့် ညနေပိုင်း
ဆို လွမ်းနေတတ်ပြန်တာမျိုး မျက်နှာလေးမြင်ရအောင်
အမြဲတမ်း သွားသွားနေတတ်သည်။

ထုံးစံအတိုင်း သူ ကားမောင်းပြီး အသည်းရဲ့အိမ်ကို 
ရောက်သွားတော့ ဧည့်ခန်းထဲကဆိုဖာပေါ်မှာ ဆောင့်
ကြောင့်ထိုင်းပြီး မျက်နှာပုပ်ပုပ်သိုးသိုးနဲ့ စာကြည့်နေတဲ့
ယောက်ဖကိုမြင်တော့ သူ ရယ်ပစ်ချင်စိတ်ကို လက်တစ်
ဖက်နဲ့ပိတ်ရင်း  အမြန်ထိန်းချုပ်လိုက်ရတယ် ။ အနီးအ
နားမှာ စာအုပ်ဖတ်ရင်း ထိုင်စောင့်နေတဲ့ ယောက္ခမကြီး
ကြောင့် သူ ရယ်ချင်စိတ်ကို မနည်းမြိုသိပ်လိုက်ရတယ်၊
ယောက်ဖလေးကတော့ ဖင်ကုတ် ၊ ခေါင်းကုတ် လုပ်နေ
ပြီး လက်ထဲက စာအုပ်ကို ရန်သူသဖွယ်ကြည့်လေ၏ ။

" သားတောင် ရောက်လာပြီလား သားသူငယ်ချင်းကို
တော့ အန်တီကိုယ်တိုင်စောင့်ပြီး စာကြည့်ခိုင်းနေရပြီ "

ယောက္ခမကြီးကို ပြုံးပြနူတ်ဆက်လိုက်ပြီး ဆိုဖာပေါ်မှာ
ဆောင့်ကြောင့်ထိုင်ပြီး စာအုပ်တအုပ်နဲ့ ကမ္ဘာပျက်နေ
တဲ့ ယောက်ဖလောင်းကိုတော့ သူ ပြုံးစိစိရုပ်နဲ့ သွား
လှောင်လိုက်တယ်  ။ ဆိုးတာက ယောက်ဖလောင်းက
လဲ ခေသူမဟုတ် ။ မသိမသာ ဟိုကြည့်ဒီကြည့်သလိုနဲ့
သူ့ကို လက်ခလယ်ထောင်ပြလိုက်ခြင်းပင်  ။

ဟေ့ကောင် မင်း မရိုင်းပဲနေလို့မရဘူးလား ငါ မင်းကို
မရိုင်းဘူးလေ ။

သူလဲ ငြိမ်ခံတတ်သူမဟုတ် ။ ပါးစပ်လှုပ်ရုံ ဆဲလိုက်
တယ် ။ ယောက်ဖကလဲ ပါးစပ်လှုပ်ရုံ ပြန်ဆဲတယ် ။ အခု သူတို့နှစ်ယောက် ဘေးမှာလူကြီးတယောက်လုံးရှိ
နေပြန်တာတောင် ပါးစပ်နဲ့ ရန်ပွဲဖြစ်နေကြသေးတယ်။

အန်တီရေ! ဒီနှစ်ယောက်လုံးကို အိမ်ပေါ်တင်ထားရရင်
ဘယ်အထိ ဆိုးဆိုးရွားရွားတွေ ဖြစ်လာမှာလဲ ။သူတို့က
အခုထိ အသံတိတ်နဲ့ ရန်ပွဲဖြစ်နေကြတုန်းပဲ ။ အသံသာ
ထွက်နေရင် သူတို့ပါးစပ်တွေက Rap ရွတ်နေသလိုပဲ၊

Can I Be Your Boyfriend? Where stories live. Discover now