အပိုင်း (၂၀) ၏ အဆက် ။အသည်းလေးက အတင်းနှင်လွှတ်လို့သာ အခန်းထဲပြန်
သာရောက်လာတာ ဘယ်လိုဘယ်ပုံ ခြေလှမ်းတွေလှမ်း
ခဲ့သလဲ မသိလိုက် ။ သူ အခု ဂျုံအင်ရဲ့အခန်းထဲရောက်
နေတာတောင် နူတ်ခမ်းကို လက်ချောင်းတွေနဲ့ ဖွဖွထိ
တွေ့ရင်း သူ အခုထိ မယုံကြည်နိုင်အောင် အသိလွတ်
နေတုန်းပဲ ။ အသည်းက မောင့်ကို နမ်းလိုက်တယ် ။
အသည်းလေးက မောင့်နူတ်ခမ်းတွေကို ဟာကွာ !
ယုံတောင် မယုံနိုင်လို့ မောင့်ဖြင့် နောက်တခါလောက်
ထပ် အနမ်းခံချင်သေးတယ် ။မောင် မသိလိုက်လို့ နောက်တခါလောက် ထပ်နမ်းပေး
ပါလား အသည်း ။ပြုံးနေတဲ့မျက်နှာကြီးနဲ့ မျက်လုံးတွေကို မပိတ်ဘဲ အိပ်
ယာပေါ် လှဲအိပ်နေတဲ့ ချန်းယောလ်ကြောင့် ဂျုံအင် တ
ယောက် သတိထားနေရတယ် ။ ဘာဖြစ်လာသလဲ
တော့မသိပေမဲ့ အချိန်တော်တော်နောက်ကျတဲ့အထိ
မျက်လုံးအပွင့်သားနဲ့ ပြုံးနေတာကြီးကတော့ နည်းနည်း
ကြောက်စရာကောင်းနေပြီ ။ မနက်ရောက်မှ အကို့ကို
မေးကြည့်ရဦးမယ် ။ ဒီကောင့်ကို ဘာများလုပ်လိုက်သ
လဲဆိုတာ သေချာပေါက် မေးကြည့်ရတော့မည် ။____________________________________
ဒီကနေ့ ကျောင်းဘောလုံးပြိုင်ပွဲရှိတာမို့ ဘောလုံးကွင်း
ထဲ သွားနေကြတဲ့ ကျောင်းသား/သူ အစုအဝေးကြီးက
စာသင်ခန်းထဲ ဝင်လာတဲ့ ခြေလှမ်းတွေထက် ဘောလုံး
ကွင်းဘက် သွားတဲ့ခြေလှမ်းတွေက ပိုတက်ကြွနေသ
လား ။ တပြုံးတပျော်ကြီး စကားတွေပြောရင်း ဘောလုံး
ကွင်းဘက် သွားနေတဲ့ ကျောင်းသား/သူ တွေကိုကြည့်
ပြီး ဘတ်ဟျွန်း ရယ်လိုက်တယ် ။တက်ကြွနေလိုက်ကြ
တာ ။ စာသင်ခန်းထဲမှာလို အိပ်ငိုက်နေတဲ့ ပုံစံမဟုတ်။" ဆရာ ဘောလုံးပွဲ သွားအားမပေးဘူးလား "
ဘတ်ဟျွန်းထက် နည်းနည်းနောက်ကျမှ ရောက်လာတဲ့
ဆရာမဆူဘင် ။ ဒီနှစ်မှဝင်တဲ့ ဆရာအသစ်ချင်းတူတူ
မို့ ဆရာမဆူဘင်က သူ့အား ခင်မင်သည် ။ အရပ်ပုပု
လူကောင်သေးသေး ဆရာမဆူဘင်က ကျောင်းသူတွေ
နဲ့တောင် သိပ်မကွာ ။ တခါတလေ ကျောင်းသားတွေ
က စတတ်လွန်းလို့ စိတ်ဆိုးပြီး ပြန်ထွက်လာတတ်သေး
တယ် ။