၂ရက်ရှိပြီ ။ ပတ်ချန်းယောလ်ဆိုတဲ့ကောင် နောက်က
နေ တကောက်ကောက်ပေါ်တင်ကြီးလိုက်နေတာ။အား!
ဒါတကယ် စိတ်ပျက်ဖို့ကုန်နေပြီ ။ ဂျုံအင် တယောက်
ဘယ်လိုကောင်တွေနဲ့ပေါင်းသင်းနေတာပဲ ။ ဒုက္ခကို
ပေးလွန်းတယ် ။ ကားမှတ်တိုင်လဲတူတူလာစောင့်ပြီး၊
ဘတ်စ်ကားလဲတူတူလိုက်စီးပြီး ၊ သွားရာနေရာနောက်
ကို အမြဲတမ်းလိုက်နေတယ် ။ ကြာလာတော့ စိတ်
ကျဉ်းကြပ်လွန်းလို့ နရင်းသားပြေးအုပ်ပစ်လိုက်ချင်
တယ် ။ ဒီကလန့်ကလား အရပ်ကြီးကြောင့်သာပေါ့။" မင်ဂျွန်း အမြဲတမ်းဖုန်းပဲကြည့်မနေနဲ့ ပြိုင်ပွဲကစ
တော့မှာကို ရိုက်လိုက်ရ ! ဒီအချိန်မှာ ဂိမ်းကဆော့
နိုင်သေးတယ် အဲ့တာကြောင့်မျက်မှန်တပ်နေရတာပေါ့"အနောက်နားလေးမှာ မတ်တပ်ရပ်နေတဲ့ ချန်းယောလ်
ကိုစိတ်တိုတိုရှိလှတာကြောင့် ကိုယ့်ကျောင်းသားကိုပဲ
အပြစ်ပုံချဆူမိလိုက်တော့သည် ။ ပြိုင်ပွဲစခါနီးတောင်
ဂိမ်းဆော့နေတဲ့ မင်ဂျွန်းရဲ့ခေါင်းကို တချက်ရိုက်ပေး
လိုက်တယ် ။ စာသင်ပေးရတဲ့အထက်တန်း ကျောင်း
သားမင်ဂျွန်းကို ပြိုင်ပွဲရှိတာကြောင့်ကိုယ်တိုင်လိုက်ပို့ဖြစ်
တော့ ဟိုကောင်ကအနောက်ကနေပါလာသည်လေ ။အခုလဲကြည့် အနောက်ကနေပြုံးစိစိရုပ်ကြီးနဲ့ ကြည့်နေ
တာ ဘယ်လောက်စိတ်တိုဖို့ကောင်းသလဲ ။ ပြိုင်ပွဲမစ
ခင်မို့ တခြားကျောင်းသား/သူတွေနဲ့မိသားစုဝင်တွေလဲ
ရှိနေကြသည် ။ တချို့မိန်းကလေးတွေက ဒီကောင့်ကို
ကြည့်ပြီး တီးတိုးရေရွတ်ကြ ၊ တအားတွေသဘောကျ
နေကြပုံပဲ ။ ဘယ်နေရာကကြည့်ကောင်းနေလို့လဲ ?
အဲ့ဒီပြုံးစိစိရုပ် ၊ ကလန့်ကလားအရပ်အမောင်းနဲ့ ဘယ်
နားကကြည့်ကောင်းနေတာပါလိမ့် ။ အံ့သြပါ့ဗျာ !" ရား !! ဂီမင်ဂျွန်း ဖုန်းကိုချထားလိုက်စမ်း "
အခုထိလက်ထဲကဖုန်းကိုမချတဲ့ မင်ဂျွန်းရဲ့ခေါင်းကို
နောက်တခါထပ်ရိုက်ပစ်လိုက်တော့မှ မျက်နှာစူပုတ်
ပုတ်နဲ့  လက်ထဲကဖုန်းကို လွယ်အိတ်ထဲထည့်သိမ်း
တယ် ။