||Can I Be Your Boyfriend ||
CHANBAEK
ချန်းယောလ်တယောက် ခပ်တင်းတင်းမျက်နှာအမူအ
ရာနှင့်ခြေချိတ်ထိုင်ကာ သူ့ရှေ့မှာတဖြဲနှစ်ဖြဲစားသောက်
နေတဲ့ဂျုံအင်ကို အကြည့်စူးစူးနှင့်ကြည့်နေလေ၏ ။ စား
သောက်ပြီးသွားတော့ ဗိုက်ကိုပွတ်ကာ ကိုယ့်အားပြုံးဖြီး
ဖြီးရယ်နေတဲ့ဂျုံအင်ကို ပျစ်ပျစ်နှစ်နှစ်သာဆဲချလိုက်ချင်
ပြီ ။ စားထားပေါ့ ဂျုံအင်ရာ နောက်ဆိုရင် မင်းအကို
ငါ့ကိုပေးရတော့မှာပါ ခဏလေးပဲစောင့် ယောက်ဖရ!" ပေး ပေး ပိုက်ဆံ အမြန် "
ဗိုက်လေးသွားဟန် ကျောကိုလျော့တိလျော့ရဲမှီထိုင်နေ
ပြီး ချန်းယောလ် ကို လက်ဖြန့်ကာ ကတိအတိုင်း ပိုက်
ဆံတောင်းနေတဲ့ဂျုံအင်ကတော့ တော်တော်လေး ဘဝ
ကိုစိုစိုပြေပြေဖြတ်သန်းနေလေရဲ့ ။အကို့ကျေးဇူးကြောင့်
နဲ့ဝင်ငွေလေးလဲဖြောင့်နေသည်လေ ။ ချန်းယောလ်က
တော့ ဂျုံအင်ရဲ့လက်ထဲကို ပိုက်ဆံအိတ်ထဲက ပိုက်ဆံ
တွေထုတ်ပြီး ဆောင့်အောင့်တကြီးထိုးထည့်ပေးလိုက်၏"လက်လျော့လိုက်ပါ ချန်းယောလ်ရာ ငါ့အကိုက မင်း
လိုက်နေကျကောင်မလေးတွေနဲ့မှမတူတာ ဒါနဲ့ ငါတို့
ကျောင်းပြန်ဖွင့်ရင် မင်းကိုသဘောကျနေတဲ့ ဟာနာနဲ့
တွဲကြည့်ပါလား ဟေ့ကောင် "အင်္ကျီအိတ်ကပ်ထဲပိုက်ဆံထိုးထည့်လိုက်ရင်း ဂျုံအင်
ပြောလာတဲ့စကားကို ချန်းယောလ်ကတော့ စိတ်ဝင်စား
ဟန်မပြ ။ သူ တခုခုကို အလိုမကျနေသည့်ဟန်ဖြင့် ။" အသာနေစမ်းပါ ဂျုံအင်ရာ ! "
စိတ်ရှုပ်နေတဲ့ချန်းယောလ်ပုံစံကြောင့် ဂျုံအင် ငြိမ်သား
ကျသွားပြီး ဘာမှဆက်မပြောတော့ဘဲ သောက်လက်စ
အအေးခွက်ကိုသာ အာရုံပြန်စိုက်သွားတယ် ။ဘာလို့ ဒီအကြောတင်းနဲ့မှ စိတ်အလိုမကျတွေဖြစ်နေရ
မှန်းမသိတော့ဘူး ။ ကိုယ့်လိုရုပ်ရည် အနေအထားမျိုး
နဲ့ သူဘာကိုကြည့်ပြီးခါးခါးသီးသီး ရှောင်ဖယ်ငြင်းပစ်နေ
တာပါလိမ့် ? အား ! ဒီဆံပင်ကောက်ကွေးလေးက
တော့ စိတ်ကိုဆွပေးနေသလိုပဲ ။
