စာကို အသည်းအသန် ကုန်းကြုံးရေးနေပေမဲ့ ဂျုံအင်ရဲ့
မျက်နှာက တစုံတရာကို ကြိတ်မှိတ်သည်းခံနေတဲ့ ပုံက
ပေါက်ကွဲလုမတတ် ။ တတန်းလုံးက တိတ်ဆိတ်ပြီး စာ
ဖြေနေကြပေမဲ့ မတိတ်ဆိတ်နိုင်တဲ့ကောင်က နောက်ခုံ
မှာ ထိုင်နေတဲ့ ပတ်ချန်းယောလ် ။ နောက်ကနေ ခြေတံ
ရှည်ရှည် နဲ့ ဂျုံအင်ထိုင်နေတဲ့ခုံကို လှမ်းလှမ်းကန်နေပြီး
လေသံ တိုးတိုးနဲ့ အသံပေးလို့ မနားမနေခေါ်နေတယ်။"ဂျုံအင် ဟေ့ကောင် ဂျုံအင် ယောက်ဖ ဟေ့! "
ဂျုံအင် အတွက် စိတ်က သိပ်ရှည်ထားနိုင်စရာမရှိတော့။
စာဖြေနေတဲ့ မိနစ်၂၀အတွင်း ဒီကောင့်ပါးစပ်ကို ပိတ်
ထားခွင့် ရရင် ဘယ်လောက်ကောင်းမလဲ ။ မိနစ် ၂၀
လောက် သေလိုက်ပါလား နားညီးတယ် ခွေးကောင်!" ဂျုံအင် ဟေ့ ခဏလေး လှည့်ကြည့်စမ်းကွာ !"
ပါးစပ်ကလဲ အသံမျိုးစုံပေးနေပြီး ခြေထောက်ကလဲ ခုံ
ကို ကန်လိုက်တာမို့ လူက တချက်လှုပ်သွားတယ်။ တစ်
ချက် တစ်ချက် လှမ်းလှမ်းကြည့်လာတတ်တဲ့ ဆရာ့ကို
မျက်မှန်ပေးတပ်ပေးချင်ပါရဲ့ ။ ဒီနေ့မှ မျက်မှန်မေ့ခဲ့တဲ့
ဆရာက ဘာကြောင့်လဲဗျာ! အနောက်ကနေမနားတမ်း
ခေါ်နေတဲ့ ကောင်ကို ပါးစပ်ပိတ်သွားအောင် အခန်းပြင်
ထုတ်ပြီး လက်မြှောက်ထားခိုင်းစမ်းပါဗျာ ။မနက်က လျှာရှည်ပြီး အကို့အကြောင်း သွားပြောမိရာ
က စသည့် ဇာတ်လမ်း ။ အကို နဲ့ အသစ်ရောက်လာတဲ့
ဆရာမအသစ် စကားလက်စုံကျနေတဲ့ အကြောင်း အ
ကျင့်ကလေး နည်းနည်းလောက်ယုတ်ချင်လို့ သွားပြော
မိတာ ကိုယ်က ကံဆိုးရှာတော့တာပဲ ။ စာဖြေနေတဲ့ အ
ချိန်မှာတောင် အချစ်ကြီးလှတဲ့ ငတိက လူကို အလွတ်မ
ပေးဘဲ မေးကောင်းနေတာက နရင်းအုပ်ချင်မိတဲ့အတိ။" ဟေ့ကောင်တွေ!စာ သေချာဖြေမယ်နော် လှုပ်လှုပ်ရွ
ရွ လုပ်နေတာတွေ ငါမြင်တယ်ကွ "" ဟေ့ကောင် ဂျုံအင် ယောက်ဖ ခဏလှည့်! "
" ချီးလိုပဲ ! သောက်ရမ်းလျှာရှည် "
စိတ်တိုတိုနဲ့ ခုံကိုထုလိုက်ပြီး မတ်တပ်ထရပ်ပစ်လိုက်
တော့ လှုပ်လှုပ်ရွရွနဲ့စာခိုးချနေတဲ့ ကောင်တွေကို ပြော
နေရင်းကနေဆရာကတော့ မျက်လုံးကြီးပြူးပြီး လှမ်းကြည့်လာတယ်။
တတန်းလုံးကလဲ ဂျုံအင်ကို လှည့်ကြည့်လာကြတော့၏
ကံဆိုးတာက ဆရာအပါအဝင် အကုန်လုံးက အနောက်
က ပတ်ချန်းယောလ်ရဲ့အသံကို မကြားဘဲ ဆရာ့စကား
အပြီး ထအော်တဲ့ ဂျုံအင်ရဲ့အသံကိုပဲ ကြားရတာပဲ ။
![](https://img.wattpad.com/cover/220730390-288-k854356.jpg)