Thirteen

3.2K 403 0
                                    


ဒီကနေ့က ချန်းယောလ်တို့ တက္ကသိုလ် စဖွင့်သည့်ရက်။
ထူးဆန်းသည်လို့ဆိုနိုင်သည် ။ တက္ကသိုလ် စစဖွင့်ချင်း
ပထမရက်မှာ ပတ်ချန်းယောလ်နဲ့ဂျုံအင် အတန်းစတက်
ခဲ့ကြသည် ။ နှစ်စဉ်နှစ်တိုင်း တက္ကသိုလ်စဖွင့်ချိန်တိုင်း
ပထမရက်တပါတ်လောက်အထိ ပေါ်မလာတတ်တဲ့ သူ
တို့နှစ်ယောက်က ဒီနှစ်တော့ ပထမဆုံးရက်မှာတင်
တက္ကသိုလ်ဝင်းထဲမှာ မော့ကြွားကြွားလမ်းလျှောက်ရင်း
တွေ့နေရပေသည် ။

ကြည့်ကောင်းတဲ့ချန်းယောလ်က သူ့ပုံစံစတိုင်ကိုပြောင်း
ထားသေးတယ် ။ မီးခိုးရောင်ဆံပင်တွေက တခေါင်းလုံး
အပြည့် ။ ရှုပ်ပွပွ ပုံစံသွင်းထားတဲ့ ဆံပင်စတိုင်နဲ့ ရှပ်အ
ဖြူတွန့်ကြေကြေကိုဝတ်ထားပြီးလက်တဖက်ကဘောင်း
ဘီအိတ်ထဲ ထိုးထည့်ထားပြီး လက်တဖက်ကအအေးဗူး
ကိုကိုင်ကာ လမ်းလျှောက်လာပုံက ငေးမောစရာပင် ။
ပိုထူးဆန်းသည်က ပန်းရောင်ဆံပင်တွေနဲ့ ဂျုံအင်ကလဲ
တမူထူးခြားစွာ ကြည့်ကောင်းနေခဲ့တယ် ။

သူတို့နှစ်ယောက် အတူတွဲလမ်းလျှောက်လာချိန်တိုင်း
တက္ကသိုလ်ဝင်းထဲက မိန်းကလေးကျောင်းသူတွေ အ
တွက် ပါးစပ်အဟောင်းသားနှင့် အကြွေကြီးကြွေကြ၏။

" မင်း သိလား ချန်းယောလ်! ငါက ငါ့အကို မျက်လုံး
ထဲမှာ အသုံးမကျတဲ့ညီဖြစ်နေပေမဲ့ ကောင်မလေးတွေ
ရဲ့ မျက်လုံးထဲမှာတော့ ငါက နတ်သား "

" ငါက ပိုဆိုးပါတယ်ကွာ ယောက်ဖရာ "

မလှမ်းမကမ်းမှာ ဆရာ/ဆရာမတချို့ထဲ ပြုံးပြုံးရွှင်ရွှင်
လေး စကားပြောနေတဲ့ ဘတ်ဟျွန်းကို ငေးကြည့်ရင်း
သူတို့နှစ်ယောက်ရဲ့ မျက်နှာတွေက ရှုံ့ မဲ့မဲ့ ။ ပထမဆုံး
အလုပ်စဝင်ရက်မို့ ဘတ်ဟျွန်းကတော့ ဆရာ/ဆရာမ
တွေနဲ့ ရင်းနှီးအောင် ပေါင်းသင်းဆက်ဆံနေသည် ။

ပြုံးလိုက်တိုင်း ချစ်စရာကောင်းတဲ့ ဘတ်ဟျွန်းကို ငေး
ကြည့်ရင်း ချန်းယောလ် ခြေလှမ်းတွေနဲ့ မှားယွင်း မ
တတ် ။ အသည်းလေးက မောင်ရှိတဲ့ တက္ကသိုလ်အထိ
ရောက်လာပြီးတဲ့လား ။ မဟုတ်ရင် မောင်က အတန်း
ပြေးလေးဖြစ်နေတော့မှာ အခုတော့ မောင့်ကို ကျောင်း
ထဲမှာပဲ မျက်စိရှုပ်အောင် တွေ့ကြပေဦးမည် ။

Can I Be Your Boyfriend? Where stories live. Discover now