Twenty

4.3K 479 18
                                    

ချန်းယောလ်တယောက် ကျောင်းကန်တင်းကနေ အ
အေးတဘူးလက်ကကိုင်ပြီး လက်တဖက်ကို ဘောင်းဘီ
အိတ် ထည့်ထားကာ စာသင်ခန်းဘက် သူ ပြန်လျှောက်
လာလိုက်တယ် ။ လမ်းလျှောက်ရမှာ ပျင်းတယ် ဆိုတဲ့
ဂျုံအင်ကိုထားခဲ့ပြီး သူ တယောက်ထဲ အအေးတဘူး
သွားဝယ်ပြီး ပြန်လာခဲ့ခြင်းပင် ။ ကန်တင်းကနေ ပြန်
လျှောက်လာတော့ သူ့အား ခိုးကြည့်တာတမျိုး ၊ ပေါ်
တင်ကြည့်တာကတဖုံ နဲ့ မိန်းကလေးတွေရဲ့ အကြည့်
တွေကို သိနေပေမဲ့ သူ အာရုံမထားတော့ ။ အသည်း
လေး စိတ်မကောင်းဖြစ်မဲ့အလုပ် မောင် ဘာကိုမှ လုပ်
မှာမဟုတ်ဘူးဆိုတာကို ယုံ ။

" အကိုချန်းယောလ်    ! "

ဆံပင်တိုတိုလေးနဲ့ ချစ်စရာကောင်းတဲ့ကောင်မလေးက
ချန်းယောလ်ရှေ့ ပြေးဝင်လာပြီး ကြောက်ရွံ့ နေတဲ့ပုံစံ
လေးနဲ့ မဝံမရဲ သူမလက်ကထဲက ဖဲပြားအနီလေးနဲ့
သေချာပြင်ဆင်ထားတဲ့  ချောကလက်ဘူးလေး တဘူး
ကို  လက်နှစ်ဖက်လုံးဆန့်တန်းကာ အတင်းထိုးပေးလာ
တယ်  ။ သူ့ကိုတောင်မကြည့်ရဲဘဲ ခေါင်းကို အတင်းငုံ့
ချထားတဲ့   ကောင်မလေး  ။ 

"  စိတ်မရှိပါနဲ့ ညီမလေး  အကို့မှာက.    ......."

" အကိုဂျုံအင်ကို ပေးပေးပါ  ကူညီပေးပါ   "

အင်!  ချန်းယောလ် မျက်လုံးတွေ ပြူးကျယ်သွားတယ်။
ဒါက သူ့ကို လာပေးတာ မဟုတ်ဘူးပဲ  ။ ဒီကောင်မ
လေးကတော့ မဝံမရဲ သူ့ကိုမော့ကြည့်လာပြီး လက်ထဲ
က ဘူးကို လက်နှစ်ဖက်ဆန့်ပြီး မယူမချင်းပေးနေတုန်း
ပဲ  ။ ဝါး!  ဂျုံအင်  မင်းတော့ ကံကောင်းတာပဲ ။ကောင်
မလေးက သူကိုယ်တိုင်လုပ်ထားတဲ့ ချောကလက်တွေ
မင်းကို စားစေချင်တယ်နဲ့တူတယ် ။ နောက်ဆုံးတော့
ငါ့ယောက်ဖ ရည်းစားရတော့မှာလား  ။ သားကြီးရေ!
မင်းအတွက် ငါ ဂုဏ်ယူပါတယ်ကွာ  ။ 

" ဒါကို ငါက ဂျုံအင်ဆီ ပေးပေးရမယ်ပေါ့ ဟုတ်လား "

ကိုယ့်ယောက်ဖကို ကောင်းစားစေချင်တာနဲ့ပဲ ကောင်မ
လေးလက်ထဲက ဘူးလှလှကို လက်တဖက်က လှမ်းယူ
ထားလိုက်တယ်  ။ ခေါင်းတဆတ်ဆတ်ညိတ်ပြပြီး အား
တက်သရော ဖြစ်နေတဲ့ ဒီကောင်မလေးကြောင့် ချန်း
ယောလ် ရယ်ချမိသွားတယ်  ။ နေစမ်းပါဦး ! ဒီကောင့်
ကို ဘာကြည့်ပြီး ဒီလောက် အသည်းအသန်ဖြစ်နေတာ
လဲ ။ ချန်းယောလ်တယောက် ကောင်မလေးလက်ထဲက
ချောကလက်ဘူးကိုယူပြီး လှည့်ထွက်အလာ တွေ့လိုက်
ရတဲ့  အသည်းလေး  ။ 

Can I Be Your Boyfriend? Where stories live. Discover now