Nine

2.9K 402 2
                                    


ဒီနေ့က ဘတ်ဟျွန်းတယောက် ဆော့ဂျွန်ဆီစာသွားမ
သင်ပေးရတဲ့နေ့မို့ ပတ်ချန်းယောလ်ကတော့ အိမ်အထိ
ရောက်ချလာပြန်ပါပြီ ။ ဂျုံအင်ကိုအကြောင်းပြပြီးရောက်
ရောက်လာပြီး မရိုးသားတဲ့အကြည့်တွေနဲ့ ကြည့်ကြည့်
နေတတ်တဲ့ မျက်လုံးတွေကို ထိုးဖောက်ပစ်ချင်နေပြီ ။
ဒီနေ့ညနေ မိသားစုလူစုံနေပြီး ဖေဖေလဲအိမ်မှာရှိနေ
ချိန်မို့ မိသားစုအကုန် ဧည့်ခန်းမှာ ထိုင်နေပြီး စကား
လက်ဆုံကျနေချိန် ပတ်ချန်းယောလ် ရောက်လာခြင်း
ဖြစ်သည် ။

" ဟေ့ကောင် ငါ့ကိုလာခေါ်တာလား ငါ့အကိုကို လာ
ချောင်းတာလား ရိုးရိုးသားသားပြောစမ်း "

ဘေးနားကနေ လူကိုတံတောင်နဲ့တွတ်လိုက်၊တွန်းလိုက်
ထိုးလိုက် အံကြိတ်မေးနေတဲ့ ဂျုံအင်ကြောင့်လဲ အငမ်း
ပျက်ရသေးသည် ။ ပတ်ချန်းယောလ်က ပေါ့သေးသေး
တော့မဟုတ် မိဘတွေကိုရှေ့မှာထားပြီး သားဖြစ်သူကို
အပီအပြင်ငမ်းကောင်းနေသည်က ဂျုံအင်တောင် မသိ.မသာနဲ့ သတိပေးနေရတော့သည် ။

" မင်းက ဘာလာလုပ်ပြန်ပြီလဲ "

ရေစိုနေတဲ့ကောက်ကောက်ကွေးကွေးဆံပင်တွေနဲ့ အ
သည်းလေးက လူငယ်ဆန်ဆန် ကြည့်ကောင်းနေတာ
ကြောင့် မကြာခဏခိုးကြည့်မိတော့ စိတ်တိုလာသည်
ထင် ။ လူကို စိတ်ဆိုးမာန်ဆိုးနဲ့ အတင်းနှင်လွှတ်တော့
သည် ။

" သားကြီး ဧည့်သည်ကိုအဲ့လိုမပြောရဘူးလေ အဟမ်း'

ရုပ်တည်တည်နေတတ်တဲ့ ဖေဖေကြောင့် ချန်းယောလ်
ကို မကြည်ကြည့် ကြည့်ပြီး ပြန်ငြိမ်သက်သွားတဲ့ ပုံစံ
ကြောင့် ချန်းယောလ် မရယ်မိအောင်ထိန်းလိုက်ရပြီးပြုံး
စိစိဖြစ်သွားတော့ ' ထွက်သွား! ' တဲ့ လူကို ပါးစပ်လှုပ်
ရုံ အသံတိတ်နှင်ပြန်သည် ။ နောက်တော့ အပေါ်တက်
ပါတော့မယ် စာဖတ်စရာရှိလို့ပါ ခွင့်တောင်းပြီး ထနှင့်
သွားတဲ့ အသည်းလေးကို နှမြောတသလိုက်ကြည့်မိ
သည် ။ အသည်းရာ ! မောင့်ကို ရက်စက်ပြီ ။

" ဒါနဲ့ သားက ကျောင်းမတက်ရသေးတော့ ဘာ
တွေလုပ်နေလဲ အိမ်က သားငယ်ကတော့ မိဘကိုကူ
ရမှန်းမသိဘူး အခုထိ လုပ်ချင်ရာလုပ်နေတုန်းပဲ "

Can I Be Your Boyfriend? Where stories live. Discover now