Twenty-Five

2.9K 381 0
                                    


အပိုင်း (၂၄)၏ အဆက် ။

ဆိုဖာပေါ်မှာ ငြိမ်ငြိမ်ကလေး ထိုင်နေတဲ့ အသည်းလေး
က ခေါင်းငုံ့ထားသေးတယ် ။ ခြေထောက်ထုံနေတယ်
ဆိုတာတောင် သူ့ခြေထောက်ကို မကိုင်မခံ ။ မောင့်ကို
ဘာတွေများ အားနာနေသလဲ အသည်း ။

အသည်းရဲ့အနားကို တိုးကပ်ထိုင်လိုက်ပြီး ငုံ့ထားတဲ့ အ
သည်းရဲ့မျက်နှာကို သူ အတင်း လိုက်ကြည့်တော့ အ
ကြည့်စူးစူးနဲ့ မော့ကြည့်လာတာများ ။ ပြောစမ်း! မောင့်အသည်းလေး ဘာတွေများ စိတ်ဆိုးနေပြန်သလဲ၊

" ခြေထောက်က သက်သာလား? မောင် ဘာလုပ်ပေး
ရသလဲ "

အသည်းရဲ့ ထိချင်စရာကောင်းတဲ့ ပါးအိအိနှစ်ဖက်ကို 
သူ့လက်ဖဝါးတွေကြားထွေးပွေ့ကာ မျက်နှာချင်းဆိုင်စေ
၏ ။ အသည်း နဲ့ အကြည့်ချင်းဆုံရင်း သူ ကြည်ကြည်နူး
နူး ပြုံးမိသည် ။ကြည့်စမ်းပါဦးကွာ !ဒီနူတ်ခမ်းလေးတွေ
က မောင့်ကို ဆွဲဆောင်နေသလိုပဲ ။

" ဒီည ဒီမှာပဲ အိပ်လိုက်ပါ့လား "

" ပြန်မယ် "

သူ့လက်ဖဝါးတွေကြား မျက်နှာပြည့်ပြည့်လေးက အ
တင်းရုန်းထွက်သည် ။ မောင် အသည်းကို ပြန်မလွှတ်
ချင်တော့လို့ပါကွာ ။ ဖြစ်နိုင်ရင် တညလုံး အသည်းကို
ဖက်ပြီး အိပ်ပစ်လိုက်ချင်တယ် ။ မောင့်ရင်ခွင်ကြီးထဲ အ
သည်းလေးကို အနွေးထွေးဖို့  ထွေးပွေ့ထားပြီး အပြည့်
အဝ ကာကွယ်ပေးမယ် ။ အင်း  မနက်မိုးလင်းရင်တော့
အသည်းရဲ့နူတ်ခမ်းလေးကို တခါတော့ ပေးနမ်းပေါ့ ။

" မောင်က စတာပါ ဒီလိုကြီးတော့ ချက်ချင်းမပြန်ချင်ပါ
ပြီးရင် မောင် ကိုယ်တို်င်လိုက်ပို့ပေးမယ် "

" ကိုယ့်အိမ်ကိုယ့်ယာမှာဆိုပြီးအပြောအဆိုတွေ ရဲတင်း
မလာနဲ့နော်  မောင်က လူကို ဘာမှတ်နေလဲ "

ချန်းယောလ် အကြီးအကျယ် အော်ရယ်လိုက်တယ် ။နေ
စမ်းပါဦး မောင်က ဘာပြောနေလို့လဲ ။ အသည်းက
ဘယ်အထိ တွေးပစ်လိုက်တာလဲ။ မောင်က ဒီအတိုင်း
လေး လက်ကိုင်ပြီးပဲ အိပ်ချင်တာပါနော် ။ မောင့်ကိုမယုံ
ဘူးလား။ မောင်က ယုံချင်စရာမကောင်းဘူးပေါ့ ဟား ။

Can I Be Your Boyfriend? Where stories live. Discover now